သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ မဲရလဒ်တွေ စတင်ရေတွက်


Pheu Thai's prime ministerial candidates Paetongtarn Shinawatra, daughter of former Prime Minister Thaksin Shinawatra and Srettha Thavisin, a local property tycoon, attend a major rally event ahead of the upcoming election, in Bangkok, Thailand, May 12, 2023. REUTERS/Jorge Silva
Pheu Thai's prime ministerial candidates Paetongtarn Shinawatra, daughter of former Prime Minister Thaksin Shinawatra and Srettha Thavisin, a local property tycoon, attend a major rally event ahead of the upcoming election, in Bangkok, Thailand, May 12, 2023. REUTERS/Jorge Silva

ဒီနေ့ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး မဲ‌တွေ စတင်ရေတွက်နေပါပြီ။ မဲရုံတွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီ မှာ ပိတ်ခဲ့ပြီး ကြီးကြီးမားမားပြဿနာ တစုံတရာမရှိဘဲ ပြီးဆုံးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ပဏာမရလဒ်တွေကို တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သိရနိုင်ပေမဲ့ ပါတီတခုချင်းစီရဲ့ နောက်ဆုံးအနိုင်ရရှိမှုနဲ့ လွှတ်တော်အတွင်းနေရာရရှိမှု နောက်ဆုံးရလဒ်ကိုတော့ တရားဝင်အတည်ပြုနိုင်ဖို့ သီတင်းပတ်များစွာ စောင့်ရဦးမှာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ရာထူးယူထားတဲ့ ပရာယွတ်ချန်အိုချာရဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ကွန်ဆာဗေးတစ်ဝါဒီ အစိုးရကို အနိုင်ယူနိုင်ဖို့ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ ပါတီတွေက အခုရွေးကောက်ပွဲမှာ ကြိုးပမ်းခဲ့ကြတာပါ။

သဘောထား စစ်တမ်းတွေအရ စစ်တပ်အကြီးအကဲဟောင်းနဲ့ အာဏာသိမ်းခေါင်းဆောင် ပရာယွတ် အကြီးအကျယ် ရှုံးနိမ့်မယ်လို့ ဆိုကြပြီး၊ ဒါဟာ အပြောင်းအလဲ လိုလားတဲ့ မျိုးဆက်သစ် လူငယ်တွေနဲ့ တော်ဝင်ဘုရင်စနစ်ကို လိုလာသူတွေကြား ထိပ်တိုက်တွေ့မှုလို့လည်း ရှုမြင်ကြပါတယ်။

နောက်ဆုံး သဘောထားစစ်တမ်းတွေမှာတော့ အရင်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ သူဌေးကြီး တခ်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ ဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီက အနိုင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

တဘက်မှာလည်း ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံမှာ ရွေးကောက်ပွဲရလဒ်တွေအပေါ် စစ်အာဏာသိမ်းမှုတွေနဲ့ တရားရုံးအမိန့်တွေက တားဆီးပိတ်ပင်လေ့ရှိတာကြောင့် စစ်တပ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းလာနိုင်ပြီး နောက်ထပ် မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အခု ၂၀၂၃ ရွေးကောက်ပွဲဟာ ထိုင်းဘုရင်ရဲ့ အာဏာနဲ့ အသုံးစရိတ်ကို ကန့်သတ်ဖို့ တောင်းဆိုခဲ့ကြတဲ့ ၂၀၂၀ ဆန္ဒ ပြပွဲတွေအပြီးမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

XS
SM
MD
LG