သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြပွဲ တကြော့ပြန်ဆင်နွှဲ


ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘုရင် Chulalongkorn ရုပ်တုရှေ့မှာ ဆန္ဒပြနေစဉ်။ (မတ်လ ၂၉၊ ၂၀၁၄)
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘုရင် Chulalongkorn ရုပ်တုရှေ့မှာ ဆန္ဒပြနေစဉ်။ (မတ်လ ၂၉၊ ၂၀၁၄)
ထိုင်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ဒီနေ့ တကြော့ပြန် ဆင်နွှဲနေကြပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ကော်မတီရဲ့ အတွင်းရေမှူးချုပ် Suthep Thaunsuban က ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဦးဆောင်ချီတက်နေပါတယ်။ ဖေဖေါ်ဝါရီလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မတ်လ ၂၁ ရက်နေ့က ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ Suthep Thaunsuban ကပြောပါတယ်။

"ပြည်သူတွေက အစိုးရကို လက်မခံတော့ဘူးဆိုတာကို ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ ပြောပြချင်တာဖြစ်ပြီး လူထုက နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဖို့ တကယ့်ကို လိုလားနေကြတာဖြစ်ပါတယ်-”လို့ ပြောသွားတာပါ။

ဝန်ကြီးယင်လတ်ဟာ သူ့အကို ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ရဲ့ ကိုယ်စား နိုင်ငံကိုအုပ်ချုပ်နေတာသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ယင်လတ်နုတ်ထွက်ပြီး ရွေးကောက်ခံမဟုတ်တဲ့ ကြားဖြတ် ယာယီအုပ်ချုပ်ရေးကောင်စီတရပ်ဖွဲ့ကို အာဏာလွှဲပြောင်းပေးဖို့နဲ့ နိုင်ငံရေးစံနစ်နဲ့ ဌာနဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြသူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG