သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေ လုံခြုံရေးအတွက် ထိုင်းရေတပ်အသင့်ပြင်


မြန်မာဘက်တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မဲဆောက်မြို့မှာ ထိုင်းစစ်တပ်က လုံခြုံရေးယူထားစဉ် (ဧပြီ ၂၀၂၄)
မြန်မာဘက်တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မဲဆောက်မြို့မှာ ထိုင်းစစ်တပ်က လုံခြုံရေးယူထားစဉ် (ဧပြီ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ထိုင်းရေတပ်က စစ်သင်္ဘော ၄ စင်း ကပ္ပလီပင်လယ်ပြင်ထဲမှာ အဆင့်သင့် စေလွှတ်ထားတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံသားတွေအတွက် အသက်အန္တရာယ်ရှိလာရင် ကယ်တင်ဖို့ Frigate စစ်သင်္ဘော ၂ စီးနဲ့ ကမ်းတက်ရေယာဉ် ၂ စီး စေလွှတ်ဖို့ ကပ္ပလီ ပင်လယ်ပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ အမှတ် ၃ တပ်မှူးကို ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Adung Pan-Iam က ညွှန်ကြားခဲ့ကြောင်းလည်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြခဲ့တာပါ။ မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တဘက် မြန်မာနိုင်ငံ မြဝတီမှာတော့ လတ်တလော တိုက်ပွဲတွေ ရပ်ဆိုင်းနေပါတယ်။

ဒါပေမဲ့လည်း တနင်္သာရီတိုင်း ထားဝယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ လောက် တာဝန်ယူတဲ့ စခန်းကို တော်လှန်ရေး အင်အားစုတွေက တပ်ဖွဲ့ဝင်အင်အား ၁၂၀ လောက်က တနင်္ဂနွေနေ့မှာ သိမ်းယူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာပါ။ တိုက်ပွဲတွေနဲ့ ထိခိုက်သေကျေမှု သတင်းတွေအတွက် သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG