သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင်


အစိုးရရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို အဓိကရုဏ်းတပ်ဖွဲ့တွေဆီ ပြန်ပစ်ထုတ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
အစိုးရရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို အဓိကရုဏ်းတပ်ဖွဲ့တွေဆီ ပြန်ပစ်ထုတ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ အတိုက်ခံ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို သူမအနေနဲ့ လုပ်ဆောင်မပေး နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။ တောင်းဆိုချက်တွေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ယင်းလပ်က သူမနဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြ ခေါင်းဆောင်ဖြစ်သူ ဆူထေ့ပ် သာ့ဆူဗန်နဲ့ တနင်္ဂနွေနေ့ နှောင်းပိုင်းတုန်းက တွေ့ဆုံခဲ့တဲ့အကြောင်း တနင်္လာနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ ထိုင်း စစ်တပ်က စီစဉ်ပေးခဲ့တာ ဖြစ်ကြောင်း သူမကပြောပါတယ်။

မစ္စတာ ဆူထေ့ပ်ရဲ့ တောင်းဆိုချက်တွေကတော့ သူမကို ရာထူးကနေ ဆင်းပေးရမယ်၊ ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးချယ် တင်မြှောက် ခံထားရသူတွေ မဟုတ်တဲ့ ပြည်သူ့ကောင်စီဆိုတဲ့အဖွဲ့လက်ထဲကို အစိုးရအာဏာ လွှဲပေးရမယ် ဆိုတာတွေ ဖြစ်ပြီး ဒီအချက်တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ဝန်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စယင်းလပ်က သူမအနေနဲ့ ပြည်သူလူထု စိတ်ချမ်းသာမယ်ဆိုရင် ဘာမဆို လုပ်ပေးဖို့အသင့်ရှိနေပါတယ်၊ ဒါပေမဲ့ သူမအနေနဲ့ ဥပဒေနည်းလမ်းတကျ လုပ်ဆောင်ပေးရတာမျိုးကိုသာ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။

သူမကအဲဒီလိုပြောဆိုနေချိန်မှာပဲ ရဲတပ်ဖွဲ့က အစိုးရအဆောက်ဦတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ ရာဘာကျည်ဆံတွေ အသုံးပြုပြီး ခုခံတိုက်ခိုက်နေပါတယ်။

ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ဟာ အောင်ပွဲနေ့ဖြစ်ပြီး မစ္စယင်းလပ်အစိုးရကို ဖြုတ်ချနိုင်ရမယ်လို့ မျှော်မှန်းထားပြီး ဝန်ကြီးချုပ်ရုံးထိုင်တဲ့ အစိုးရရုံးကို သိမ်းပိုက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
XS
SM
MD
LG