သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရထောက်ခံသူတွေ စုဝေးအင်အားပြ


လက်ရှိအစိုးရကို ထောက်ခံသူတွေက ဝန်ကြီးချုပ် Yingluck Shinawatra ရဲ့ ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ကြစဉ်။ (ဧပြီ ၅၊ ၂၀၁၄)
လက်ရှိအစိုးရကို ထောက်ခံသူတွေက ဝန်ကြီးချုပ် Yingluck Shinawatra ရဲ့ ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ကြစဉ်။ (ဧပြီ ၅၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ် အစိုးရကို ထောက်ခံသူ ထောင်သောင်းချီပြီး ဘန်ကောက်မြို့ပြင်မှာ စနေနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ၃ ရက်ကြာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါဟာ အစိုးရထောက်ခံသူ ရှပ်နီဝတ်အဖွဲ့တွေရဲ့ လပေါင်းအတော်ကြာမှ အကြီးမားဆုံး အင်အားပြတာဖြစ်ပါတယ်။

စနေနေ့က ဘန်ကောက်မြို့လယ်ပန်းခြံမှာ အစိုးရဆန့်ကျင်သူတွေက ဆက်လက်ဆန္ဒပြနေချိန်မှာပဲ အစိုးရထောက်ခံသူတွေက ဘန်ကောက် အနောက်ဘက် ၁၈ မိုင်လောက်အကွာမှာ စုဝေးဆန္ဒပြကြတာဖြစ်ပါတယ်။

အစိုးရထောက်ခံတဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရင်လတ်ပြုတ်မကျအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ရှပ်နီဝတ်အဖွဲ့ခေါင်းဆောင် Jatuporn Promphan ကတော့ တကယ်လို့ ဝန်ကြီးရင်လတ် ပြုတ်ကျအောင် တရားရုံးကဖြစ်စေ အာဏာသိမ်းပြီးဖြစ်စေ လုပ်ဆောင်တာမျိုးကို သူတို့အဖွဲ့က လက်မခံဘူးလို့ ဆိုပါတယ်။

သိပ်မကြာသေးခင်ကပဲ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက မစ္စရင်လတ်အပေါ် တရားရေးအရ စိန်ခေါ်မှုတွေကို စဉ်းစားဖို့ သဘောတူခဲ့တာပါ။ မစ္စရင်လတ်ဟာ ၂၀၁၁ ခုနှစ်ထဲမှာ နိုင်ငံတော် လုံခြုံရေးကောင်စီအဖွဲ့ဝင် တဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ပဲ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့ အစိုးရဆန့်ကျင်တဲ့ အမတ်တွေက တင်စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စရင်လတ်ကို အစိုးရအသုံးစရိတ် ဒေါ်လာ ဘီလျံနဲ့ချီ ဆုံးရှုံးစေတဲ့ ဆန်စပါး အမတော်ကြေး အစီအစဉ်နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု ရှိနေတယ် လို့လည်း စွပ်စွဲနေကြတာဖြစ်ပါတယ်။

ဒီအမှုတွေမှာ သူမ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထင်ရှားခဲ့ရင်တော့ သူမဟာ အလုပ်တာဝန်ကနေ ဖယ်ရှားတာကို ခံရမှာဖြစ်ပါတယ်။
XS
SM
MD
LG