သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြအဖွဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ မဟန့်တားနိုင်


Thai military officers inspecting mock evacuation site during Cobra Gold 2015. (Steve Herman/VOA News)
Thai military officers inspecting mock evacuation site during Cobra Gold 2015. (Steve Herman/VOA News)
ထိုင်းနိုင်ငံမှာ မကြာခင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ နေရာကို နိုင်ငံရေးပါတီတွေ လာရောက် မှတ်ပုံမတင်နိုင်အောင် ဘန်ကောက်မှာ အတိုက်အခံ ထောင်ပေါင်းများစွာရဲ့ ကြိုးစားမှုဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ မှတ်ပုံတင်အတွက် တနင်္လာနေ့ ကနေ သောကြာနေ့အတွင်း လာရောက်နိုင်ဖို့ စီစဉ်ထားတဲ့ အားကစားရုံကြီးကို နိုင်ငံရေးပါတီတွေ မလာနိုင်အောင် ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ရှိအာဏာရ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ရဲ့ပါတီ အနိုင်ရဖို့ရှိနေတာမို့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ယင်းလတ်ရဲ့ပါတီနဲ့ တခြားနိုင်ငံရေးပါတီ ၈ ခုက အဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်မတွေ့အောင် မိုးမလင်းခင်ကတည်းက မှတ်ပုံတင်တဲ့ နေရာကို သွားရောက်နိုင်ခဲ့ကြသလို ဆန္ဒပြသူတွေရဲ့ တားဆီးမှုကြောင့် ရောက်အောင်မသွားနိုင်ခဲ့ကြတဲ့ တခြားနိုင်ငံရေးပါတီ အတော်များများက ခေါင်းဆောင်တွေနဲ့ သူတို့ကိုထောက်ခံသူတွေကတော့ မှတ်ပုံတင်လက်ခံတဲ့ အနားကရဲစခန်းတွေကို သွားရောက်ခဲ့ကြပါတယ်။

လမ်းမပေါ်ထွက်ပြီးဆန္ဒပြမှုတွေ အဆုံးသတ်သွားစေဖို့ ကြိုးစားတဲ့အနေနဲ့ ဒီဇင်ဘာလ ၉ ရက်မှာ ဝန်ကြီးချုပ်ယင်းလတ်ရှင်နာဝပ်က လွတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲတွေ အမြန်ကျင်းပပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။
XS
SM
MD
LG