သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှိမ်နင်းခံရမှု ကိုးလပြည့် ထိုင်းရှပ်နီတွေ ထောင်ချီစုဝေး


နှိမ်နင်းခံရမှု ကိုးလပြည့် ထိုင်းရှပ်နီတွေ ထောင်ချီစုဝေး
နှိမ်နင်းခံရမှု ကိုးလပြည့် ထိုင်းရှပ်နီတွေ ထောင်ချီစုဝေး

ဖမ်းဆီးခံထားရတဲ့ခေါင်းဆောင်တွေ လွှတ်ပေးရေးအတွက် လုပ်ခဲ့တာမှာ သွေးမြေကျအောင် နှိမ်နင်းခံရတဲ့ ဆန္ဒပြပွဲ ကိုးလပြည့် အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာရှိတဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ စနေနေ့က စုဝေးခဲ့ကြပါတယ်။

ရှပ်နီဝတ်ဆန္ဒပြသူတွေကို Thida Thavornseth နဲ့ Jatuporn Promphan တို့က ခေါင်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ များပြားလှတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ဘန်ကောက်မြို့တော်ရဲ့ စီးပွားရေးအရောင်းအဝယ်ထူထပ်တဲ့ အဓိကလမ်းဆုံကနေပြီး တရားရုံးချုပ်အထိ တောင်းဆိုကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးပြီး ရှပ်နီဝတ်တွေက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မနှစ်တုန်းက ရွေးကောက်ပွဲ ချက်ချင်းကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ၂ လကြာ ဆန္ဒပြပွဲအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှပ်နီဝတ်ဆန္ဒပြသူတွေကြား ပဋ္ဋိပက္ခတွေဖြစ်ပွားခဲ့ပြီး လူ ၂,၀၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး အနည်းဆုံးလူ ၉၀ သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG