သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းလက်ရှင်နာဝပ်အစိုးရကို ထိုင်းရုပ်သေးအစိုးရအဖြစ် ဆန္ဒပြ


ဘန်ကောက်မြို့တော်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ်ကို ဆန့်ကျင်ဆန္ဒပြနေကြသူများ။ (မေလ ၃၁ ရက်၊ ၂၀၁၃)။
ဘန်ကောက်မြို့တော်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ်ကို ဆန့်ကျင်ဆန္ဒပြနေကြသူများ။ (မေလ ၃၁ ရက်၊ ၂၀၁၃)။
အဖြူရောင်မျက်နှာဖုံးတွေ အများအပြား ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ယင်းလက်ရှင်နာဝပ် အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အခြာကျတဲ့ နေရာတဝိုက်မှာ တနင်္ဂနွေနေ့က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

သူတို့ကိုယ်သူတို့ မျက်နှာဖုံးဖြူ တပ်ဆင်သူများလို့ အမည်တပ်ထားကြသူတွေက အစိုးရဟာ ၂၀၀၆ ခုနှစ်တုန်းက ဖြုတ်ချခံခဲ့ရပြီး တိုင်းပြည်ကနေ တိမ်းရှောင်နေရတဲ့ အရင် ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေတဲ့ အစိုးရသာဖြစ်တယ် ဆိုပြီးတော့ ဝေဖန်ကြပါတယ်။

အစိုးရအပေါ် ထောက်ခံသူတွေကလည်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆန္ဒထုတ်ဖော်ပြသကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG