သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓိကရုဏ်းအပြီး ဘန်ကောက်မြို့တည်ငြိမ်ရေး လုံခြုံရေးတပ်ဖွဲ့တွေ ကြိုးပမ်း


ဘန်ကောက်မြို့တော်မှာရှိတဲ့ သပိတ်စခန်းက ထောင်ချီတဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေကို အသေအပျောက်ကြီးကြီးနဲ့ ရှင်းပြီးတဲ့နောက် တစ်ရက်အကြာမှာ ဘန်ကောက်မြို့ နေရာအများစုမှာ နေသားတကျ ပြန်ဖြစ်လာပြီလို့ ထိုင်းအာဏာပိုင်တွေ က ပြောဆိုပါတယ်။

ရှပ်နီတွေရဲ့ သပိတ်စခန်းကို ဗုဒ္ဒဟူးနေ့မှာ စီးနင်းခဲ့စဉ်က ခုခံခဲ့ကြတဲ့ စစ်သွေးကြွတွေကို ရှာနေတဲ့အတိုင်း၊ ဘန်ကောက်မြို့ရဲ့ နေရာတချို့မှာ လုံခြုံရေးတပ်တွေက ကြာသပတေးနေ့မှာ သတိပေး ပစ်ခတ်ခဲ့ကြပါတယ်။

အဲဒီလို စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ လူ (၁၅) ယောက်သေပြီး၊ (၁၀၀) ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်း (၆) လောင်းကို ဆန္ဒပြနေတဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းက ပြန်တွေ့ခဲ့ပါတယ်။

စစ်သွေးကြွတွေ က အဲဒီလို စစ်တပ်က စီးနင်းလာတာကို တုံ့ပြန်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာရှိတဲ့ အဆောက်အဦ (၃၅) လုံးကို မီးတင်ရှို့ခဲ့ကြပါတယ်။ အဲဒီထဲမှာ Central World ခေါ် ဝေါထရိတ်စင်တာ လည်း ပါဝင်ပါတယ်။ ဒီ ကုန်တိုက်ကြီးကတော့ အာရှ မှာ အကြီးဆုံး ကုန်တိုက်တွေထဲက ကုန်တိုက်တစ်တိုက် ဖြစ်ပါတယ်။ တချို့ အဆောက်အဦတွေကတော့ မီးသတ်သမားတွေ က ကြာသပတေးနေ့အထိ ဆက်လက် ငြိမ်းသတ်နေကြတုံးဖြစ်ပါတယ်။

ရက်သတ္တပတ် (၁၀) ပတ်ကြာ ဆန္ဒပြသူတွေက သိမ်းထားခဲ့တဲ့နေရာတွေကို မြူနီစပယ်လုပ်သားတွေ က စတင်ရှင်းနေကြပါပြီ။ ဆန္ဒပြသူတွေ က အစိုးရကို ပြောင်းလဲဖို့အတွက် ရွေးကောက်ပွဲ စောစော ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG