သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရရုံးချုပ် ဆန္ဒပြသူတွေအဝိုင်းခံရ


ထိုင်းအစိုးရဆန့်ကျင်သူတွေ သဲအိတ်တွေသုံးပြီး ထိုင်းဝန်ကြီးချုပ်ရုံးကို ပိတ်ဆို့နေကြစဉ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄)
ထိုင်းအစိုးရဆန့်ကျင်သူတွေ သဲအိတ်တွေသုံးပြီး ထိုင်းဝန်ကြီးချုပ်ရုံးကို ပိတ်ဆို့နေကြစဉ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူလူအုပ်ကြီးဟာ ဘန်ကောက်မြို့မှာရှိတဲ့ အစိုးရရုံးကို ဝိုင်းထားလိုက်ကြပါတယ်။ ဒီလုပ်ရပ်ဟာ ရဲတပ်ဖွဲ့ကနေ ဆန္ဒပြလူအုပ်ကြီးတွေ သီတင်းပတ်အတန်ကြာ အခြေစိုက်ထားရာ နေရာတွေကို ပြန်ပြီးတော့ သိမ်းပိုက်မယ်ဆိုပြီး ပြောဆိုထားတာကို အန်တုလိုက်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ယဉ်လတ် ရှင်နာဝပ် ရုံးထိုင်တဲ့ အစိုးရအဆောက်အဦးရဲ့ ဂိတ်ဝတွေကို တနင်္လာနေ့မှာ အင်္ဂတေနဲ့ ပိတ်ဆို့ လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟာ သူမရဲ့ယာယီ အိမ်စောင့်အစိုးရအဖွဲ့ကို မြို့တော်ရဲ့ တခြားနေရာတွေမှာ ဖြန့်ခွဲထားလိုက်ရပါတယ်။

အထိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့က စတင်ပြီး ဘန်ကောက်မြို့အတွင်း သီတင်းပတ်အတန်ကြာ သပိတ်စခန်း ဖွင့်ပြီးတော့ ဆန္ဒပြနေကြတဲ့ အစိုးရဆန့်ကျင်ရေး လှုတ်ရှားသူတွေ သိမ်းပိုက်ထားတဲ့နေရာတွေကို လိုက်လံ ရှင်းလင်းနေတာပါ။

နံပါတ်တုတ်တွေကိုင်ဆောင်ပြီး သံခမောက်တွေဆောင်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရွက်ဖျင်တဲတွေ အတားဆီးတွေကို လိုက်လံ ဖယ်ရှားနေသလို သူတို့ကို ပြန်ပြီး မခုခံကြဖို့ အသံချဲ့စက်တွေနဲ့ အော်ဟစ် သတိပေးနေကြပါတယ်။

ဒါပေမဲ့ အတိုက်ခံ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ အဖွဲ့ဝင် အစ်စရာ စုမ်ချိုင် (Issara Somchai) ကတော့ ဆန္ဒပြသူအများစုအနေနဲ့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အာဏာပိုင်တွေက ပြီးခဲတဲ့လအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သလို ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထားပါတယ်။
XS
SM
MD
LG