ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက်သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။
"အစိုးရယန္တရားကို ရပ်သွားအောင်လုပ်မယ်ပေါ့နော်။ သူတို့ပြောထားတာ ၁၃ ရက်နေ့က တစ်လပြည့်သွားပြီပေါ့နော်။ ဘာယန္တရားမှလည်း မပိတ်ဘူးဟေ့-တဲ့။ အဲ့ဒါ ထိုင်းလူမျိုးတွေကပဲ ပြောတာပေါ့နော်။ ဒါပေမဲ့ လမ်းမကြီးက ကားသွားလို့မရဘူး။ လမ်းမပေါ်မှာ ခြင်ထောင်လေးတွေ စီ စီ စီပြီးတော့ အိပ်နေတာ ပြွတ်သိပ်နေတာပဲ။ နေ့ရော ညရော ဆာလာဒမ်ရဲ့ ကွင်းကြီး ရှိတယ်မှတ်လား။ အဲ့ဒီ့မှာ မြက်ခင်းပြင် ကွင်းကြီး ပန်းခြံကြီး၊ အဲ့ဒီ့ဟာတွေအကုန်လုံး ဆာလာဒမ်ရဲ့ လမ်းလေးခွတွေ အကုန်လုံးဟာ တပ်စွဲထားသလိုမျိုး ရှိတယ်။ ဆန္ဒပြတဲ့သူတွေကလေ။"
မေး။ ။ ဆိုတော့ အဲ့လိုမျိုး အခု ဆန္ဒပြမှုတွေကလည်း ဆက်တိုက် ရှိနေတုန်းပဲ။ နောက်ပြီးတော့ ဗုံးကွဲတာမျိုးလိုလည်း ရှိနေတယ်ဆိုတော့ အစ်မတို့လို အလုပ်သမားရေး လိုက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ အနေနဲ့ပေါ့နော်။ လုံခြုံရေး အခြေအနေ ဘယ်လိုများ ရှိလဲအစ်မ။
"လုံခြုံရေးက စိုးရိမ်ရတယ်။ လူစုလူဝေးရှိတဲ့နေရာမှ ဗုံးကွဲတာမဟုတ်ဘူးပေါ့နော်။ တဖက်နဲ့တဖက် အတိုက်အခံအချင်းချင်းဖြစ်ပြီးမှ ခွဲတဲ့ ဗုံးလည်း ရှိသလို ဘာမှမဟုတ်ဘဲ ကြားထဲကနေ ဝင်ခွဲတဲ့ဗုံးတွေကလည်း ရှိနေတာ။ အခုက။ ဆန္ဒပြပွဲကို ရှောင်သွားတယ်။ ကျမတို့က အန္တရာယ်မဖြစ်ချင်လည်း။ မလိုတမာတဲ့သူတွေက အဲ့လို လက်နက်တွေ ဖွက်ကိုင်ထားတယ်ဆိုရင် အချိန်မရွေး ပြဿနာရှိတယ်။ ရထားစီးရင်လည်း မြန်မြန်နဲ့ရောက် မြန်မြန်နဲ့ဆင်းဖို့ပဲ စိတ်ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရထားပေါ်မှာများ ဒီဗုံးတွေ ဖွက်သယ်လာရင် အချိန်မရွေး ရထားပေါ်မှာ ဗုံးကွဲနိုင်တယ်လေ။ ကျမလည်း သွားတော့ သွားနေတာ။ တော်တော်ကို ကြောက်တယ်။ တကယ်လို့များ ရထားပေါ်မှာဖြစ်ရင် သေပြီပေါ့နော်။ အမြဲတမ်း အဲ့ဒါတွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံမှာမှ လက်နက်ရှိတာမဟုတ်ဘူး။ အတိုက်အခံမဟုတ်တဲ့သူတွေမှာလည်း လက်နက်တွေ ကိုင်ထားကြတယ်လေ။အခုက။"
မေး။ ။ အဲ့တော့ အစ်မတို့က ဒီလိုရေရှည်ဖြစ်လာတယ်ဆိုရင် ဘယ်လို သတိပေးတာတွေရှိလဲ။ နောက်ပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိစ္စကို ဘယ်လိုဆောင်ရွက်ပေးဖို့ရှိလဲ။
"တစ်ယောက်နဲ့တစ်ယောက်လည်း ပြောကြတာပေါ့နော်။ နောက်ပြီးတော့ ဘယ်လိုပြောမလဲ။ အလုပ်သမားနဲ့ထိတွေ့ရတဲ့ အဆုတ်ရောဂါ ကွင်းဆင်းရတဲ့အချိန်တို့၊ သူတို့ကို ဆေးရုံလိုက်ပို့၊ ဆေးထုတ်ပေးတဲ့အချိန်တွေ၊ နောက်ပြီးတော့ အမျိုးသမီးဆွေးနွေးပွဲတွေ ကျမတို့ တစ်လမှာ တစ်ကြိမ်၊ လုပ်တဲ့အခါမှာပေါ့ အဲ့ဒီ့အခါမှာ ကြုံတိုင်းပဲ ဘန်ကောက်မြို့ဘက်ကို မသွားနဲ့။ ဘန်ကောက်မြို့မှာ ဒီလိုတွေရှိတယ်။ ကြုံရင်ကြုံသလောက်တော့ ပြောပြပါတယ်။ ကျမတို့ အလုပ်သမားတွေကို မတတ်သာလို့သာ သွားရတယ်လေ။ အဲ့လိုမျိုး။"
မေး။ ။ ဟုတ်ကဲ့ အစ်မ။ ထိုင်းမှာရှိတဲ့အလုပ်သမားတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေရော ထိခိုက်လာနိုင်တဲ့ အနေအထားရှိလားအစ်မ။
"ထိခိုက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေမှာဆိုရင် အော်ဒါတွေ သိပ်မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေက သူ့ဖောက်သည်တွေရှိမှ အလုပ်လုပ်လို့ရတယ်ဆိုတော့ နောက်ပိုင်းမှာ အော်ဒါမရှိရင် ပထမဆုံးက နေ့စားဆို နေ့ပဲ ခိုင်းမယ်။ ည OT မလုပ်နဲ့တော့ပေါ့။ သူတို့ အဲ့သလိုမျိုးပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ မာရှယ်လောလည်း ရှိနေတာကိုး။ အဲ့ဒီ့အခါ အိုတီကို ရုပ်တဲ့ အခါကျတော့ အဖြစ်သဘောမျိုး၊ အလုပ်သဘောမျိုးပဲ ဆင်းရတာမျိုးတွေဖြစ်တယ်။ အဲ့တော့ လုပ်သားတွေအတွက် ဝင်ငွေနည်းတာမျိုး ဖြစ်မယ်။
နောက်ပြီးတော့ ပသူနန်း တဝိုက်မှာ ဈေးရောင်းတဲ့ သူတွေက မြန်မာအလုပ်သမားတွေပဲ များတယ်။ ဈေးရောင်းတာ၊ ဟိုဘက်ဈေး၊ ဒီဘက်ဈေး ဈေးခင်းတ၊ ညဈေး စီလုံ ညဈေးခင်းတာ မြန်မာ လုပ်သားတွေပဲ မြန်မာပြည်သားတွေပဲ သူတို့အတွက်လည်း အရောင်းပါးတယ်ပေါ့နော်။ နောက်ပြီးတော့ အခြေအနေ အရ မြန်မြန်ဈေးသိမ်း လိုက်ရတဲ့အခါတွေလည်းရှိတယ်။ ညနေဆိုရင် သူတို့မြန်မြန်ဈေးသိမ်းတယ်။ နေ့လည် ၂ နာရီနောက်ပိုင်းဆို သိမ်းပြီးပေါ့နော်။ သိပ်ပြီးတော့ မရောင်းရဘူးပေါ့နော်။ အဲ့လိုမျိုး ကြာရင် ထိခိုက်ပါတယ်။ အလုပ်သမားတွေလည်း ထိခိုက်တယ်။ ထိုင်းအလုပ်ရှင်တွေလည်း ထိခိုက်တယ။"
ဒါကတော့ ထိုင်းနိုင်ငံတွင်းဆန္ဒပြပွဲတွေကြောင့် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ အလုပ်သမားရေးကူညီပေးနေသူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။