သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှု စုံစမ်းရေးအဖွဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရည်ရွယ်

ထိုင်းနိုင်ငံမှာမကြာခင်က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၈၉ ဦးသေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ရတဲ့ ထိုင်းအစိုးရအရာရှိဖြစ်သူက သူလုပ်ဆောင်ရမယ့် တာဝန်ဟာ ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်ဆိုတာကို အဖြေရှာဖို့ မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းခင်းပေးစေဖို့ ဖြစ်တယ်လို့ ဆန္ဒပြမှုတွင်းသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့အဖွဲ့ရဲ့ ဥက္ကဌ Khanit Na Nakhon က ပြောခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ ရှေ့နေချုပ်ဟောင်းတဦးလည်းဖြစ်တဲ့ မစ္စတာ Khanit ရဲ့ ပြောကြားချက်ကို မနေ့က ထုတ်ဝေတဲ့ ဘန်ကောက်ပို့စ် သတင်းစာ ထဲမှာ တွေ့ရတာပါ။ မစ္စတာ Khanit က ထိုင်းနိုင်ငံရေး ပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ဖို့ လက်ရှိ ထိမ်းသိမ်း ခံထားရတဲ့ ရှပ်နီဝတ်ခေါင်းဆောင် Veera Musikapong နဲ့ လာမယ့်တနင်္လာနေ့မှာ တွေ့မယ်လို့လည်း ဆိုပါတယ်။

This item is part of
XS
SM
MD
LG