သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယုံအကြည်မရှိအဆို ထိုင်းဝန်ကြီးချုပ်အနိုင်ရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲများ မြင်ကွင်း။ (နိုဝင်ဘာ ၂၇၊ ၂၀၁၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲများ မြင်ကွင်း။ (နိုဝင်ဘာ ၂၇၊ ၂၀၁၃)
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ သူ့အပေါ် အယုံအကြည်မရှိအဆိုကို သူ့ပါတီဝင်တွေ အများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အတွင်းမှာ အလွယ်တကူပဲ အနိုင်ရလိုက်ပါတယ်။ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ သူ့ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အဆိုကို လွှတ်တော်အမတ် ၂၉၇ မဲ ၁၃၄ မဲနဲ့ ပယ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အစိုးရကို အတိုက်အခံ ဆန္ဒပြနေသူတွေ ကတော့ ဘန်ကောက်မြို့တော်တဝှမ်း ဗုဒ္ဓဟူးနေ့က ဆက်လက် ဆန္ဒပြနေကြပြီး ဝန်ကြီးချုပ် ယင်းလပ် ရာထူးကနေ နှုတ်ထွက်တဲ့အထိ အစိုးရ ဝန်ကြီးဌာနတိုင်းကို သိမ်းယူ ဆန္ဒပြတာတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဌာနတွေကို တစိတ်တပိုင်းအားဖြင့် သိမ်းဆည်းထားခဲ့သလို၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဝန်းရံထားခဲ့ပါတယ်။ ရဲဌာနချုပ်အပြင်ဘက်နဲ့ အနီးအနားကပ်လျှက် ဆေးရုံက လျှပ်စစ်ဝါယာကြိုးတွေကိုလည်း ဆန္ဒပြသူတွေက ဆွဲချ ဖျက်ဆီးပစ်ခဲ့ကြလို့၊ မီးစက်တွေနဲ့ လုပ်ငန်းတွေ မရပ်သွားအောင် လုပ်ခဲ့ရတယ်လို့ ရဲတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကတော့ ရာထူးကနေ ဖယ်ရှားပေးဖို့ ကိစ္စ ငြင်းဆန်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တောင်းဆိုထားပါတယ်။ သူ့အနေနဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နည်းနဲ့ နှိမ်နင်းမှာ မဟုတ်တဲ့အကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၀ ခုနှစ်က ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းခဲ့တာမှာ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရသလို၊ အခုဆန္ဒပြပွဲတွေကတော့ အဲဒီဖြစ်ရပ်နောက်ပိုင်း အကြီးမားဆုံး ပြန်လည် ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေပဲ ဖြစ်ပါတယ်။
XS
SM
MD
LG