သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြပွဲ အရှိန်မြင့်


ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘန်ကောက်မြို့တော်မှာ ဆက်လက် ချီတက်ခဲ့ကြပါတယ်။ မြို့တော်ကို ပိတ်ဆို့ပြီး ဝန်ကြီးချုပ်ပြုတ်ကျလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်အပတ်ကျရင် ပိုမို ကြီးကျယ်တဲ့ ဆန္ဒပြပွဲကြီးတရပ်ကို ကြိုဆိုပြီး အခုလို ဆူပူခဲ့ကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်အနေနဲ့ ရွေးကောက်ခံမဟုတ်တဲ့ လူထုကောင်စီတရပ်ကို အာဏာလွှဲပေးဖို့ အတိုက်အခံဘက်က တောင်းဆိုချက်ကို ထောက်ခံတယ်လို့ ဆန္ဒပြသူတွေဘက်က ဆိုကြပါတယ်။ ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူထက် သောင်ဆူဘန် ဦးဆောင်တဲ့ ဆန္ဒပြသမားတွေဟာ နောက်အပတ်ကျရင် ဘန်ကောက်မြို့တော်ရဲ့ လမ်းမကြီးတွေနဲ့ ပင်မ အဝေးပြေးလမ်းတွေကို လူအုပ်နဲ့ပိတ်ဆို့ပြီး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်နေကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်က ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောစောစီးစီး ကျင်းပဖို့ နိုင်ငံရေး ပြန်လည်ပြုပြင်ရေးကောင်စီတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ လက်မခံကြပါဘူး။ ပြုပြင်ရေးကို ရွေးကောက်ပွဲမတိုင်ခင်လုပ်ဖို့ တောင်းဆိုနေကြတာပါ။ ရွေးကောက်ပွဲလုပ်ရင် လက်ရှိ အာဏာရပါတီကပဲ အနိုင်ရဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။
XS
SM
MD
LG