သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကိုမမှုတဲ့ ဘန်ကောက်ဆန္ဒပြသမားများ


မိုးထဲလေထဲ ဆန္ဒပြနေကြတဲ့ထိုင်းပြည်သူများ ဇူလိုင် ၂၃၊ ၂၀၂၃။
မိုးထဲလေထဲ ဆန္ဒပြနေကြတဲ့ထိုင်းပြည်သူများ ဇူလိုင် ၂၃၊ ၂၀၂၃။

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်း အဆိုပြုချက်ကို အထက်လွှတ်တော်က ပိတ်ဆို့နေတာရပ်ဖို့ ရာချီတဲ့ ပြည်သူတွေဟာ ဘန်ကော်ကမြို့လယ်မှာ တနင်္ဂနွေနေ့က စုဝေးတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အထက်လွှတ်တော်အမတ်တွေအပေါ် သူတို့ရဲ့ဒေါသတွေကိုပြသဖို့ မိုးကြီးလေကြီးထဲမှာ စုဝေးခဲ့ကြတာပါ။ အထက်လွှတ်တော်အမတ်တွေကို စစ်တပ်ကခန့်ထားခဲ့တာဖြစ်ပြီး သူတို့ကသမားရိုးကျ နန်းစဥ်နန်းလျာ တန်ဖိုးထားမှုတွေကို ကာကွယ်ဂုဏ်ယူနေကြသူတွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးရရှိခဲ့တဲ့ ရှေ့သို့ချီပါတီ MFP ဟာ ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ၂ ကြိမ်တိုင်မအောင်မြင်ခဲ့ပါဘူး။ အခုဆန္ဒပြပွဲမှာ ဟောပြောကြသူတွေက ညွန်ပေါင်းဖွဲ့ထားတဲ့ ပါတီတွေကို ဘက်မပြောင်းကြဖို့လည်း တောင်းဆိုသွား ကြပါတယ်။ ထွက်သွားတဲ့ခေါင်းဆောင် ပရာယွတ်ချန်အိုချာကို ထောက်ခဲ့တဲ့ပါတီတွေ နဲ့ပူးပေါင်းသွားမှာကို ဆန္ဒပြသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာဒုတိယ အမတ်အများဆုံး ရရှိတဲ့ဖွေထိုင်းပါတီက ဝန်ကြီးချုပ် အမည်တင်သွင်းပြီး အစိုးရ ဖွဲ့စည်းရာမှာဦးဆောင်ဖို့ မဟာမိတ်ပါတီရှစ်ပါတီက သောကြာနေ့တုန်းက အစည်းအဝေးလုပ် ကြေညာခဲ့ပါတယ်။ ရှစ်ပါတီညွန်‌ပေါင်း အဖွဲ့ဟာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ မှာ ၃၁၂ နေရာ ရရှိတာမို့အများစု ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်အလိုကျ ရွေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လူထုက ရွေးကောက်တင် မြှောက်တဲ့ အောက်လွှတ်တော်နဲ့ အမတ် ဦးရေ ၂၅၀ ရှိ စစ်တပ်ခန့်အထက်လွှတ်တော်အမတ်တို့ ရဲ့ စုစုပေါင်း အမတ်ဦးရေတစ်ဝက်ကျော် ရရှိမှသာ ဝန်ကြီးချုပ်ကိုခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။ ရှစ်ပါတီ ညွန့်ပေါင်းအဖွဲ့ဟာ အစိုးရ ဖွဲ့နိုင်ဖို့ အမတ်နေရာ ၆၄ နေရာလိုအပ်နေတာပါ။ အစိုးရဖွဲ့နိုင်အောင် ညွန့်ပေါင်းအဖွဲ့ထဲကနေ ရှေ့သို့ချီ ပါတီ MFP ကို မထုတ်ဘူးလို့ ဖွေထိုင်းပါတီကပြောမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG