သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်သူတွေ ဘဏ္ဍာရေး နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန စီးနင်းသိမ်းပိုက်


ထိုင်းနိုင်ငံမှာတော့ အစိုးရကို ကန့်ကွက်ဆန္ဒပြနေသူတွေဟာ ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ် ရာထူးက နှုတ်ထွက်သွားသည်အထိ အစိုးရဝန်ကြီးဌာနတွေ အားလုံးကို သိမ်းပိုက်ထားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောနေကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကို သိမ်းထားခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ အပြင်ကနေ ဝိုင်းထားပါတယ်။ ဆန့်ကျင်ရေးသမားတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆူထက် သောင်ဆူဘန် (Suthep Thaugsuban) က အစိုးရလုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် ဝန်ကြီးဌာနတိုင်းဆီကို ချီတက်ရမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

မစ္စတာ ဆူထက်ဟာ ထိုင်းနိုင်ငံရဲ့ လက်ထောက် ဝန်ကြီးချုပ်တဦးဖြစ်ခဲ့ပါတယ်။ သူက အခုလက်ရှိ အစိုးရအဖွဲ့နေရာမှာ အစားထိုးဖို့ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်တဲ့ ကောင်စီတရပ်ကိုဖွဲ့ဖို့ ရည်ရွယ်ကြောင်း အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ရဲတပ်ဖွဲ့က မစ္စတာ ဆူထက်ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီဝရမ်းကို အရေးယူဆောင်ရွက်မှု မရှိသေးဘဲ ဆန္ဒပြသူတွေကို ဖယ်ရှားဖို့ကိုပဲ အာရုံစိုက်နေကြပါတယ်။ လူအများကတော့ မကြာခင်နှစ်တွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေလိုမျိုး ပြန်ဖြစ်မှာကို စိုးရိမ်နေကြတာပါ။
XS
SM
MD
LG