သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အင်္ဂါနေ့မှာ ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းထားပြီး တညလုံး ဆက်ပြီး ဆန္ဒပြမယ်လို့ ကြွေးကြော်နေကြပါတယ်။ ဘန်ကောက်က ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးတွေရဲ့ တချို့နေရာတွေကို ဆန္ဒပြသူတွေက တနင်္လာနေ့ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး တခြားအစိုးရ အဆောက်အဦး အတော်များများရဲ့ အပြင်ဘက်တွေမှာလည်း စခန်းချထားကြပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး သူ့ရဲ့အစိုးရအဖွဲ့ကို ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ဆန္ဒပြသူတွေက စွပ်စွဲနေကြပါတယ်။

ဒီဆန္ဒပြမှုတွေကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဦးဆောင်နေတာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း အယုံအကြည်မရှိ အဆိုအတွက် ငြင်းခုံဆွေးနွေးမှုတွေ လုပ်နေတာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် ယင်းလတ်ကတော့ သူနှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ မစ္စစ် ယင်းလတ်ရဲ့ ဖွေထိုင်း (Pheu Thai) ပါတီဟာ လွှတ်တော်မှာ အမတ်နေရာ အများစုကို ရထားတာပါ။

ထိုင်းနိုင်ငံမှာ ၂၀၁၀ တုန်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြမှုတွေနောက် အခု လမ်းမတွေပေါ်ထွက် ဆန္ဒပြမှုဟာ အကြီးမားဆုံးဖြစ်ပါတယ်။ အဲဒီတုန်းက ဆန္ဒပြသူတွေကို စစ်တပ်က ချေမှုန်းခဲ့တဲ့အတွက် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရတာမို့ အခု လူထုဆန္ဒပြပွဲတွေ ရပ်စဲစေဖို့အတွက် စစ်တပ်ကို မသုံးဘူးလို့ ဝန်ကြီးချုပ် ယင်းလတ် က ပြောပါတယ်။
XS
SM
MD
LG