ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စနေနေ့က အစိုးရဆန့်ကျင်သူတွေ စုဝေးနေရာကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားပါတယ်။ ဝန်ကြီးချုပ်ရုံးနားမှာ ညလုံးပေါက် စခန်းချ ဆန္ဒပြနေကြတဲ့သူတွေနား ဖြတ်သွားတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာလို့
မျက်မြင်တချို့ ကပြောပါတယ်။
တချိန်တည်းမှာပဲ အတိုက်အခံတွေအပေါ်ထောက်ခံသူများတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရတဲ့ နေရာတွေမှာ အစိုးရဆန့်ကျင်သူတွေက ဝိုင်းပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် တချို့ခရိုင်တွေမှာ ရွေးကောက်ပွဲ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို ဆိုင်းထားရပါတယ်။
ရွေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့ ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုခဲ့ပေမဲ့ February လ ၂ ရက်နေ့မှာ ကျင်းပသွားမှာပဲလို့ အစိုးရက ပြောထားပါတယ်။ အဓိက အတိုက်အခံ Democrat ပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲ မလုပ်ခင် ဝန်ကြီးချုပ် Yinluck Shinawatra ရာထူးကဆင်းပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ဖို့ အစိုးရဆန့်ကျင်သူတွေဖက်က တောင်းဆိုနေကြတာပါ။ အကြမ်းဖက် ဆန္ဒပြမှုတွေရှိနေတဲ့အတွက် အခြေအနေကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်ကြဖို့ ထိုင်းစစ်တပ်က သောကြာနေ့ကပဲ ပြောခဲ့ပြီး စစ်တပ်က အာဏာသိမ်းနိုင်သလားဆိုတဲ့ အမေးကိုလည်း မငြင်းခဲ့ပါဘူး။