သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင့်မွေးနေ့အကြို ထိုင်းဆန္ဒပြမှုရပ်ဆိုင်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အင်္ဂါနေ့ကအထိ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အချေအတင် ဖြစ်ခဲ့တဲ့နေရာတွေကို ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြသူတွေကိုယ်တိုင် စတင်ရှင်းလင်းနေကြပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေ အလေးအမြတ်ထားတဲ့ ထိုင်းဘုရင်မွေးနေ့ အခမ်းအနားပွဲတွေကို ကြာသပတေးနေ့မှာ ကျင်းပမှာမို့ အခုလို ရှင်းလင်းနေကြတာပါ။

ဆန္ဒပြသူတွေကို မတားဆီးဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) က ရဲတွေကို အမိန့်ထုတ်လိုက်တာနဲ့ အင်္ဂါနေ့မှာတော့ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရုပ်ချည်းရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လူ ၄ ဦး အသက်ဆုံးခဲ့ပြီး ၂၅၀ ကျော်ကို ဒဏ်ရာရစေခဲ့တဲ့ အဓိကရုဏ်းတွေ ဆက်ပြီးမဖြစ်ရအောင် လုပ်ပေးခဲ့တာလို့ အများက ရှုမြင်ပါတယ်။

ဆန္ဒပြနေတဲ့ အချိန်တွေအတွင်း သူတို့စခန်းချနေထိုင်ခဲ့တဲ့ နေရာတွေကိုလည်း ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြသူတွေ ကိုယ်တိုင်ပဲ ရှင်းလင်းနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG