သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရဆန့်ကျင်ပွဲတွေ တိုက်ခိုက်ခံရ


အတိုက်အခံခောင်းဆောင် Suthep Thaugsuban ဦးဆောင်တဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဝန်ကြီးချုပ် ယင်းလပ်ရဲ့ ယာယီရုံးဖွင့်လှစ်ထားရာ ကာကွယ်ရေးဝန်ကြီးဌာနရုံးရဲ့ သတ်မှတ်လိုင်း တဘက်တချက်မှာ ရှိနေကြစဉ်။
အတိုက်အခံခောင်းဆောင် Suthep Thaugsuban ဦးဆောင်တဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဝန်ကြီးချုပ် ယင်းလပ်ရဲ့ ယာယီရုံးဖွင့်လှစ်ထားရာ ကာကွယ်ရေးဝန်ကြီးဌာနရုံးရဲ့ သတ်မှတ်လိုင်း တဘက်တချက်မှာ ရှိနေကြစဉ်။
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနေသူ လူအုပ်ကို အမည်မသိသေနတ်သမားတွေက စနေနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘန်ကောက်မြို့နဲ့ ၁၈၆ မိုင်လောက်ဝေးတဲ့ Trat ခရိုင်အတွင်း အတိုက်အခံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မီတီဝင် ၅၀၀ လောက် စုဝေး ဆန္ဒပြနေတဲ့နေရာကို အမည်မသိလူတစုက Pick Up ကား ၂ စင်းနဲ့ ရောက်လာပြီး သေနတ်နဲ့ တွေ့ရာကို ပစ်ခတ်ခဲ့တဲ့အပြင် ပေါက်ကွဲစေတဲ့အရာ ၂ ခုနဲ့ပါ လူအုပ်ထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုတိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူထဲ တစ်ဦးကတော့ ၁၂ နှစ်သားအရွယ် လူငယ်လေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝါကလည်း သူမရဲ့ Facebook အင်တာနက် လူမှုကွန်ယက်ကတဆင့် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စနေနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အစိုးရဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲက နောက်ဆုံး ဖြစ်ရပ်ဖြစ်ပြီး အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အင်္ဂါနေ့က ဘန်ကောက်မြို့လယ် အစိုးရရုံးတွေအနားမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်မှုတွေအတွင်းမှာတော့ ၂ ဖက်စလုံးက လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG