သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီရောင် ဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရထံ အဖမ်းခံ


အနီရောင် ဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရထံ အဖမ်းခံ
အနီရောင် ဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရထံ အဖမ်းခံ

ထိုင်းနိုင်ငံမှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး တိမ်းရှောင်နေသူ ခေါင်းဆောင်ဟာ သူ့အပေါ် တင်ထားတဲ့ အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ အာဏာပိုင်တွေထံ လာအဖမ်းခံခဲ့ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီ၀ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး လွှတ်တော် အဆောက်အဦးနဲ့ ဆက်တယ်လိုက် အသံလွှင့်ဌာနတွေကို ဝင်စီးခဲ့တယ်ဆိုပြီး Arisman Pongruangrong ဟာ စွပ်စွဲခံထားရတာပါ။

လက်ရှိ အစိုးရအောက်မှာ သူ့အမှုကို တရားဥပဒေနဲ့အညီ စီရင် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် သူ့အနေနဲ့ အဖမ်းခံတာလို့ ဆန္ဒပြပွဲတွေအပြီး အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံထဲမှာ ထွက်ပြေး တိမ်းရှောင် နေတယ်လို့ ယူဆရတဲ့ အဲဒီ အင်္ကျီနီဝတ်အဖွဲ့တွေရဲ့ ခေါင်းဆောင်က ပြောပါတယ်။

မနှစ်က ဧပြီလမှာစပြီး သီတင်းပတ် ၁၀ ပတ်လောက်ကြာခဲ့တဲ့ အဲဒီ ဆီန္ဒပြပွဲတွေအတွင်း Arisman နဲ့ တခြား အင်္ကျီနီဝတ် ခေါင်းဆောင် တဒါဇင်လောက်ဟာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှု၊ အစိုးရ အရာရှိတွေကို ခြိမ်းချောက်မှု၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်မှု စတာတွေနဲ့ စွဲချက် တင်ခံထားရတာပါ။

Arisman ရဲ့အမှုကို ဒီကနေ့ ထိုင်းရာဇဝတ်ခုံရုံးမှာ ကြားနာမှာဖြစ်ပြီး တရားရုံးက သူ့ကို အာမခံနဲ့ လွတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG