သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံဆန္ဒခံယူပွဲ တနင်္ဂနွေနေ့ ကျင်းပမည်


လူထုဆန္ဒခံယူပွဲမတိုင်မီ တပတ်အလိုက မဲဆွယ်စည်းရုံးနေပုံ။

ထိုင်းနိုင်ငံမှာ စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို တနင်္ဂနွေနေ့မှာ ဆန္ဒမဲပေးကြဖို့အတွက် မဲဆန္ဒရှင်တွေ ပြင်ဆင်နေကြပါတယ်။

စစ်တပ်ရဲ့ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းအရ - နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်ချိန်မှာ ရွေးကောက်ခံ မဟုတ်တဲ့ ၀န်ကြီးချုပ်တဦးကို ခန့်အပ်ခွင့်ရှိသလို၊ စစ်တပ်ကိုယ်စားလှယ်တွေအတွက် နေရာတွေပေးထားပြီး ရွေးကောက်ခံ မဟုတ်သူတွေနဲ့ အထက်လွှတ်တော်ကို ဖွဲ့စည်းပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

စစ်တပ်ကတော့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးသဘောထား ကွဲပြားမှုတွေကို အခြေခံဥပဒေသစ်က လျှော့ချပေးလိမ့်မယ်လို့ ပြောဆိုနေပေမဲ့ - ဝေဖန်သူတွေကတော့ စစ်တပ်ကို သြဇာအာဏာ အလွန်အကျွံ ပေးထားတယ်လို့ ပြောဆိုနေကြတာပါ။

ဆန္ဒခံယူပွဲဟာ - ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ ထိုင်းနိုင်ငံမှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်တပ်ရဲ့ တရားဝင်မှုကို လက်ခံမလား၊ ဆန့်ကျင်မလား ဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေကပြောပါတယ်။

ထိုင်းမဲဆန္ဒရှင် သန်း ၅၀ ကျော်အနေနဲ့ ဆန္ဒခံယူပွဲမှာ မေးခွန်း ၂ ကို အဖြေပေးကြရမှာ ဖြစ်ပါတယ်။ ပထမမေးခွန်းကတော့ ဖွဲ့စည်းပုံမူကြမ်းကို လက်ခံ-မခံဖြစ်ပြီး ဒုတိယမေးခွန်းကတော့ - စစ်အုပ်ချုပ်ရေးကနေ ၅ နှစ်ကြာ အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ယူရမယ့် ၀န်ကြီးချုပ် တယောက်ကို အောက်လွှတ်တော်နဲ့အတူ ပူးတွဲရွေးချယ်ရမယ့် စစ်တပ်က ခန့်အပ်ထားသူတွေ ပါဝင်တဲ့ အထက်လွှတ်တော်ကို လက်ခံသလားဆိုတာပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ - ရွေးကောက်တင်မြှောက်ခံ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့အတူ စစ်တပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅၀ ပါဝင်တဲ့ အထက်လွှတ်တော်ကို ဖွဲ့စည်းသွားမှာပါ။ ရွေးကောက်ပွဲတွေကိုတော့ ရှေ့လာမယ့်နှစ်မှာ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပြီး၊ စစ်တပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းပြီးတာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG