သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေတပ် ဗိုလ်လောင်းတွေရဲ့ မြန်မာ ချစ်ကြည်ရေး ခရီး


ထိုင်းတော်ဝင်ရေတပ် - အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်။
ထိုင်းတော်ဝင်ရေတပ် - အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်။
ထိုင်း-မြန်မာ ရေတပ်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းတော်ဝင်ရေတပ် စစ်သင်္ဘော ၃ စင်း သီလဝါဆိပ်ကမ်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဆိုက်ရောက်လာမှာဖြစ်ပါတယ်။

ထိုင်းတော်ဝင်ရေတပ် ဗိုလ်လောင်းသင်တန်းကျောင်းရဲ့ လေ့ကျင့်မှုအစီအစဉ် အဖြစ်နဲ့ ထိုင်းဗိုလ်လောင်းနဲ့ ရေတပ်အမှုထမ်းပေါင်း ၆၉၅ ယောက်ပါဝင်မယ့် စစ်သင်္ဘော ၃ စီးဟာ သီလဝါဆိပ်ကမ်းမှာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကမ်းကပ်ထားမှာဖြစ်ပါတယ်။ ထိုင်းရေတပ်က စစ်သင်္ဘောကြီး ၃ စီးဟာ အိမ်နီးချင်း မြန်မာနိုင်ငံဆိပ်ကမ်းမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးလာရောက် ဆိုက်ကပ်မှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းထဲမှာဖော်ပြပါတယ်။

ထိုင်းရေတပ်ဗိုလ်လောင်းတွေရဲ့ မြန်မာနိုင်ငံမှာ လေ့ကျင်မှုအတွင်း ထိုင်းမြန်မာရေတပ်ချစ်ကြည်ရေး Volleyball ပြိုင်ပွဲကိုလည်း သုဝဏ္ဏ အားကစားကွင်းမှာ ကစားဖို့ အစီအစဉ်ရှိပါတယ်။

ထိုင်းရေတပ်ဗိုလ်လောင်းတွေကို ဒေသတွင်းက မလေးရှား၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံဆိပ်ကမ်းတွေမှာ ကမ်းကပ်ပြီး လေ့ကျင့် သင်ကြားမှုတွေလုပ်တဲ့ အစီအစဉ်အဖြစ် ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို လာရောက်တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG