သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးသတင်းရေးသူ သတင်းထောက်တွေကို စွဲချက်ရုပ်ဖို့ ကုလတိုက်တွန်း


ထိုင်းတော်ဝင်ရေတပ်မတော်က ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာလှေစီးပြေးတွေကို ကျွန်းတခုပေါ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၀၈။)
ထိုင်းတော်ဝင်ရေတပ်မတော်က ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာလှေစီးပြေးတွေကို ကျွန်းတခုပေါ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၀၈။)
လှေစီးပြေးရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းရေတပ်က ပါဝင် ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ သတင်းထောက်နှစ်ဦးအပေါ် တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးကတ်အခြေစိုက် အဲဒီ သတင်းထောက်နှစ်ဦးကို ထိုင်းအာဏာပိုင်တွေကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ စိုးရိမ်ပူပင်မှုဖြစ်ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Navi Pillay က ပြောဆိုလိုက်တာပါ။ ထိုင်းနိုင်ငံတွင်း သတင်း လွတ်လပ်ခွင့်ဖြစ်စေဖို့ အတွက် သတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ Mr.Morison နဲ့ Ms.Sidasathian တို့ကို စွဲဆိုထားတဲ့အမှုတွေ ပြန် ရုပ်သိမ်းပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း တောင်းဆိုထားတယ်လို့ Ms.Pillay ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasni က ဂျနီဗာမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းအစိုးရကို ဘန်ကောက်မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဆက်သွယ် ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။ စွဲဆိုထားတဲ့ အမှုနှစ်ခုအနက် တမှုဖြစ်တဲ့ အသရေဖျက်မှုနဲ့ ပြစ်မှုထင်ရှားရင် သတင်းထောက်နှစ်ဦးဟာ ထောင်ဒဏ် နှစ်နှစ်အထက် ကျခံရနိုင်သလို ကျန် အမှုဖြစ်တဲ့ ကွန်ပြူတာရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှားရင်လည်း ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ကျခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်အခြေစိုက် Phuketwan အွန်လိုင်းသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ်အတွက် ထိုင်းတော်ဝင် ရေတပ်မတော်က ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေအပေါ် ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဒီသတင်းထောက်နှစ်ဦးက ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။ ဒီလို တရားစွဲဆိုမှုကို CPJ သတင်းထောက်ကာကွယ်ရေးအဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကင်းလှည့်နေတဲ့ ထိုင်းရေတပ်မတော်။
ကင်းလှည့်နေတဲ့ ထိုင်းရေတပ်မတော်။

ထိုင်းတော်ဝင် ရေတပ်မတော်အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့်အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလားဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင် အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။
XS
SM
MD
LG