သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ လုံခြုံရေးတိုးမြှင့်


ထိုင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ စုဝေးရာ Victory အထိမ်းအမှတ်နေရာနားမှာ စစ်သားတွေ လမ်းကို ပိတ်ဆို့ စောင့်ကြပ်နေစဉ်။ (မေ ၃၀၊ ၂၀၁၄)
ထိုင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ စုဝေးရာ Victory အထိမ်းအမှတ်နေရာနားမှာ စစ်သားတွေ လမ်းကို ပိတ်ဆို့ စောင့်ကြပ်နေစဉ်။ (မေ ၃၀၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်အာဏာသိမ်းခဲ့တာကို အာခံပြီး လူထုစုဝေးပွဲကျင်းပမယ်လို့ ပြောထားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့အတွက် စစ်အစိုးရဟာ Bangkok မြို့တော်အနှံ့အပြားမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ထောင်နဲ့ချီ လုံခြုံရေး ချထားပါတယ်။ မေလ ၂၂ ရက်နေ့မှာ သွေးထွက်သံယိုမဖြစ်ရဘဲ အရပ်သား အစိုးရဆီကနေ အာဏာသိမ်းယူလိုက်ပြီးကတည်းက နေ့တိုင်းဆန္ဒပြလာနေသလိုပဲ ဒီကနေ့မှာလည်း Bangkok မြို့တော်မှာ လူနည်းပေမယ့် ပြင်းထန်တဲ့ဆန့်ကျင်ဆန္ဒပြမှုရှိခဲ့တာပါ။

ဆန္ဒပြသူတွေဟာ လူမှုရေးကွန်ယက်တွေကို အသုံးပြုပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝေးရာကို ပြောင်းပြီး လူစုခဲ့ကြပေမယ့် နောက်တော့ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲခဲ့တယ်လို့ Bangkok မြို့တော်မှာရှိတဲ့ VOA သတင်းထောက် Steve Herman က သတင်းပို့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကတော့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲချက်ချင်းကျင်းပဖို့ ထိုင်း အာဏာသိမ်း ခေါင်းဆောင်တွေကို စနေနေ့က တောင်းဆိုသွားပါတယ်။ လူ ၅ ယောက်ထက်ပိုပြီး မစုဝေးရဆိုတာတွေ၊ သတင်း media ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာတွေ အပါအဝင် လွတ်လပ်ဆို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ထားတာကို ရပ်ပစ်ဖို့ စင်္ကာပူနိုင်ငံင အာရှဒေသလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲမှာ Mr. Hagel မနေ့က ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒီမိုကရေစီကနေ လမ်းလွှဲသွားတာကို ရှုတ်ချရင်း အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနဲ့ ကာလကြာရှည် ရှိထားခဲ့တဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးကို ယာယီဖျက်သိမ်းထားတယ်လို့ Shangri-La Dialogue ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေကို Mr. Hagel က ပြောသွားပါတယ်။
XS
SM
MD
LG