သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ပစ်ခတ်မှု ၃ ဦးသေ


အသေးစား တိုက်ခိုက်မှုတွေကို ခွဲထွက်ရေး မူစလင်တွေ လုပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သားတွေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကြား အပြန်အလှန် ပစ်ခတ်မှုကြောင့်၂ ယောက် သေဆုံးသွားပါတယ်။ စစ်သားတစ်ယောက်နဲ့ လက်နက်ကိုင် တစ်ယောက် ရာလ ခရိုင်မှာ ဒီနေ့ သောကြာနေ့ မနက်ပိုင်းက ပစ်ခတ်မှုအတွင်း သေဆုံးသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

စစ်သား ၂ ယောက်လည်း ဒဏ်ရာရ သွားပါတယ်။ ဒေသတွင်းက အရင် အကြမ်းဖက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ သောင်းကျန်းသူ တစ်ယောက်ကို Gado ရွာက အိမ်တစ်အိမ်မှာ စစ်သားတွေက ဝင်ဖမ်းရာက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

သီးခြားသတင်းတခုကတော့ တောင်ပိုင်းကပဲ ပါတာနီ ခရိုင်မှာ ကားမောင်းသွား နေတဲ့ မူစလင် ရွာသူကြီးတယောက် ကြာသပတေးနေ့ ညပိုင်းက ပစ်သတ်ခံရပါတယ်။ ၂၀၀၄ ခုနှစ်ကတည်း ကစလို့ ထိုင်းတောင်ပိုင်းက ရာလ၊ ပါတာနီနဲ့ နာရသီဝတ် ခရိုင်တွေမှာ လူနည်းစု မလေးလူမျိုး မူစလင်တွေနဲ့ ပဋိပက္ခကြောင့် သေဆုံးသူ ၄,၀၀၀ ကျော် ရှိသွားပါပြီ။ အဲဒီခရိုင် ၃ ခုမှာ နေထိုင်ကြသူ ၈၀ ရာခိုင်နှုန်းက မူစလင်တွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG