သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ပို့မယ့် ဆိုလာပြားတွေနဲ့ ဓာတ်ဆီတွေ ထိုင်းဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းနေရာ (ဓါတ်ပုံ -- Thein Htike Oo, VOA Burmese)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းနေရာ (ဓါတ်ပုံ -- Thein Htike Oo, VOA Burmese)

မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းမယ့် နေစွမ်းအင်သုံး Solar ပြားတွေနဲ့ လောင်စာဆီတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံတာဝန်ရှိသူတွေ ကင်းလှည့်ရာမှာ မသင်္ကာသူ အမျိုးသား ၂ ယောက်ကို တွေ့ရှိခဲ့ရာက စစ်ဆေးဖို့တားဆီးစဉ်မှာ သယ်လာတဲ့ ပစ္စည်းတွေကိုပစ်ချပြီး သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူး ထွက်ပြေးသွားခဲ့တယ်လို့လည်း ပြောပါတယ်။

မသင်္ကာသူတွေ ပစ်ထားခဲ့တဲ့ ပစ္စည်းတွေကို စစ်ဆေးရာမှာ ဆိုလာပြားတွေပါတဲ့ ဘူး ၅ ဘူးကို တွေ့ရကြောင်းလည်း ကင်းလှည့်တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး Natthakorn Ruantip ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့တာပါ။ မဲဆောက်နဲ့ကပ်လျက် Mae Ramat မှာလည်း ကားတစင်းကို စစ်ဆေးရာမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသား တယောက်ကို ဓာတ်ဆီ ၂၆ လီတာနဲ့အတူ တွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံဘက်ကို သယ်ယူရောင်းချဖို့ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အစီအစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံ နယ်စပ်မြို့တချို့ကို လျှပ်စစ်မီး၊ လောင်စာနဲ့ အင်တာနက် ပေးပို့နေတာကို ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဖြတ်တောက်ခဲ့ရာက စွမ်းအင်ရှားပါးမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG