သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံမဲ့ လူ ၁,၈၀၀၀ ထိုင်းနိုင်ငံသား ခံယူခွင့်ရ


ထိုင်းနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် မရခင်အထိ နိုင်ငံမဲ့ဖြစ်နေသူ (Credit: UNHCR/R.Arnold)
ထိုင်းနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် မရခင်အထိ နိုင်ငံမဲ့ဖြစ်နေသူ (Credit: UNHCR/R.Arnold)

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံအတွင်းမှာ နှစ်ပေါင်း ရှည်ကြာ နေထိုင်ခဲ့ကြ တဲ့ နိုင်ငံမဲ့ ပြည်သူ ၁,၈၀၀၀ ကျော်ကို နိုင်ငံသားအဖြစ် လက်ခံခဲ့တယ်ဆိုတဲ့ ကြေညာချက်အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ဒီလုပ်ရပ်ဟာ နိုင်ငံမဲ့ဖြစ်နေသူ မရှိစေရေး ကမ္ဘာတဝှမ်း လှုပ်ရှားမှုကို ပိုပြီးအရှိန်မြင့်လာစေအောင် အရေးကြီးတဲ့ ခြေလှမ်း ဖြစ်တယ်ဆိုပြီးတော့ ချီးကျူးလိုက်ပါတယ်။

ထိုင်းဘုရင့်အစိုးရက နိုင်ငံမဲ့ဖြစ်နေသူ ၁,၈၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားအဖြစ် ပြီးခဲ့တဲ့ သုံးနှစ်အတွင်း လက်ခံခဲ့တယ်ဆိုတဲ့ ကြေညာချက်အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြိုဆိုပါတယ်၊ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ လူပေါင်း ၁၀ သန်းကျော် ရှိနေတယ်လို့ ယုံကြည်ရပြီး၊ UNHCR ကို သတင်းပို့ထားသူက ၃.၅ သန်း ရှိပါတယ်၊ ဒီအထဲက ၄၀% ဟာ အာရှတိုက်က ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အရောက် နိုင်ငံမဲ့ဖြစ်နေသူ မရှိစေရေး ကမ္ဘာတဝှမ်း လှုပ်ရှားမှုအတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်” - လို့ မနေ့က ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UNHCR ပြောခွင့်ရသူ William Spindler က ပြောသွားတာ ဖြစ်ပါတယ်။

နိုင်ငံမဲ့ လူသားတွေအတွက် လူ့အခွင့်အရေးခံစားရဖို့ ဆိုတာ မလွယ်သလို၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလို အခြေခံကျတဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့ ခက်ခဲသလို၊ အလုပ်အကိုင် လုပ်နိုင်ဖို့ ဆိုတဲ့ နေရာမှာလည်း အကန့်သတ်တွေ အများကြီးရှိတယ်လို့ UNHCR က အသစ်ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံမဲ့ဖြစ်နေသူတွေဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းမရှိသလို သူတို့ရဲ့ မူလနေထိုင်ရာ တိုင်းပြည်နဲ့လည်း အဆက်ပြတ်နေကြသူတွေ ဖြစ်ပါတယ်။ နယ်စပ်တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်ကြသလို၊ အခုလို နိုင်ငံသားအဖြစ် လက်ခံပေးတဲ့ ထိုင်းနိုင်ငံရဲ့လုပ်ဆောင်မှုဟာ ဒေသတွင်းမှာရှိတဲ့ တခြားတိုင်းပြည်တွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ စံနမူနာတခု ဖြစ်နိုင်ကြောင်း UNHCR ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG