သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကျောင်းသား ၁၂ ဦး "ဘုရင်ကို စော်ကားမှု" နဲ့ စွဲဆိုခံရ


Police use water cannons to disperse protesters Saturday, March 20, 2021 in Bangkok, Thailand. Thailand's student-led pro-democracy movement is holding a rally in the Thai capital, seeking to press demands that include freedom for their leaders, who…
Police use water cannons to disperse protesters Saturday, March 20, 2021 in Bangkok, Thailand. Thailand's student-led pro-democracy movement is holding a rally in the Thai capital, seeking to press demands that include freedom for their leaders, who…

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကျောင်းသား(၁၂)ဦးအပေါ် ဘုရင်ကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ကြာသပတေးနေ့က တရားစွဲလိုက်ကြောင်း ကျောင်းသားရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒီကျောင်းသားတွေဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ မနှစ်တုန်းက တောင်းဆိုဆန္ဒပြရာမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ပရာရွတ်-ချမ်အိုချာ အစိုးရကို မကြေနပ်ရာက ထိုင်းရဲ့ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုမှာ ကျောင်းသားတွေက အဓိက ဦးဆောင်ပါဝင်ခဲ့ပါတယ်။

လူသောင်းနဲ့ချီ ပူးပေါင်း ပါဝင်တဲ့အထိ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအတွင်း တချိန်က မတို့ထိရဲကြတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့ဆိုတဲ့ တောင်းဆိုသံတွေ ထွက်ပေါ်လာခဲ့တာပါ။

ကျောင်းသားခေါင်းဆောင် (၁၂)ဦးကို ထိုင်းဘုရင် မိသားစုအပေါ် စော်ကားမှု ၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲလိုက်တယ်လို့ ကျောင်းသားတွေဖက်က လိုက်ပါဆောင်ရွက်တဲ့ ထိုင်းလူအခွင့်ရေး ရှေ့နေများအဖွဲ့ TLHR က ပြောပါတယ်။ မနှစ် အောက်တိုဘာလထဲ ဂျာမနီနိုင်ငံမှာ သီတင်းပတ်ကြာ သွားရောက်အနားယူနေတဲ့ ထိုင်းဘုရင်ကို ဆန့်ကျင်ဖို့ ဆန္ဒပြသူတွေဟာ ဘန်ကောက်က ဂျာမနီသံရုံးရှေ့ လူထောင်ချီ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဒီအချက်က ကျောင်းသားတွေကို တရားစွဲဆိုတဲ့ အဓိကအချက် ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

တရားစွဲခံရသူတွေထဲမှာ အသက်(၂၀)အရွယ် အငယ်ဆုံးတဦးလည်း ပါဝင်တာပါ။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့ရင် ပုဒ်မတခုစီအတွက် အမြင့်ဆုံး ပြစ်ဒဏ် ထောင်(၁၅)နှစ်အထိ ကျခံရဖွယ် ရှိပါတယ်။

----------------------

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG