သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို တရားရုံး စွဲချက်တင်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် လွှတ်တော် တက်ရောက်လာစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၅)
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် လွှတ်တော် တက်ရောက်လာစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၅)

ထိုင်းနိုင်ငံက ဆန်စိုက်ပျိုးရေး အမတော်ကြေးအစီအစဉ်နဲ့ ပါတ်သက်ပြီး လွဲမှားစွာ စီမံခန့်ခွဲမှုကြောင့် တိုင်းပြည်ဘဏ္ဍာငွေ ဘီလျံနဲ့ချီ ဆုံးရှုံးမှု ရှိခဲ့တာအတွက် ဝန်ကြီးချုပ်ဟောင်း ရင်လတ်ရှင်နာဝပ်ကို တရားစွဲဆိုဖို့ ထိုင်းတရားရုံးချူပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုအတွက် တရားရုံးဆုံးဖြတ်ချက်ယူရမှာ ဖြစ်ကြောင်း တရားသူကြီးအဖွဲ့က ဒီကနေ့ ဆုံးဖြတ်ခဲ့ပြီး မေလ ၁၉ ရက်နေ့မှာ ပထမဆုံး ကြားနာမှုကို စတင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်း တွေ့ခဲ့ရင် မစ္စရင်လတ်ဟာ ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရနိုင်ဖွယ်ရာ ရှိပါတယ်။

ဒီအစီအစဉ်ကို ကြီးကြပ်တဲ့ မစ္စရင်လတ်ဟာ လယ်သမားတွေကို ဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီး သူ့တာဝန်ကို ပေါ့ဆစွာ ထမ်းဆောင်ခဲ့မှုနဲ့ အစိုးရရှေ့နေတွေက ဖေဖေါ်ဝါရီလထဲမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လယ်သမားတွေ သူ့ကိုထောက်ခံမှု ရစေဖို့ ဒီအစီအစဉ်ကို နိုင်ငံရေးအရ အသုံးချခဲ့တာ လို့ အတိုက်အခံတွေက ပြောပါတယ်။

မစ္စရင်လတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ တရားရုံးအမိန့်နဲ့ ဖြုတ်ချတာခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အာဏာရစစ်တပ်က ခန့်ထားတဲ့ တရားရေးအဖွဲ့က မစ္စရင်လတ်ကို နိုင်ငံရေးလုပ်ခွင့် ၅ နှစ်ပိတ်ပင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း မစ္စရင်လတ်ကတော့ ဒါဟာသူ့ကို နိုင်ငံရေးအရ တိုက်ခိုက်တာမျိုး ဖြစ်သလို အခု သူလုပ်ဆောင်ခဲ့တဲ့ အမတော်ကြေး အစီအစဉ်ဟာ လယ်သမားတွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

မစ္စရင်လတ်ဟာ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ အဂတိလိုက်စားမှုနဲ့ ဖြုတ်အချခံခဲ့ရတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ညီမဖြစ်ပါတယ်။ မစ္စတာ သတ်ဆင်ဟာ ၂၀၀၈ ခုနှစ် သူ့ကို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးချိန်မှာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့တာ ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ သူ့ရဲ့ ဖွေထိုင်းပါတီဟာ အထူးသဖြင့် ကျေးလက်ဒေသတွေရဲ့ ထောက်ခံမှုကို ရနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG