သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားလက်မှတ်ထုတ်ပေးမည်


အလုပ်လုပ်ခ္ငင့်ကဒ်( ပန်းရောင်ကဒ်)
အလုပ်လုပ်ခ္ငင့်ကဒ်( ပန်းရောင်ကဒ်)

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး တရားမဝင်အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်လုပ်ငန်းစဉ် စတင်တော့မယ်လို့ ထိုင်းအစိုးရကကြေငြာခဲ့ပါတယ်။ ဒီလို အထောက်အထားမဲ့အတွက် အလုပ်လုပ်ခွင့်လက်မှတ်လုပ်ပေးမယ့်အပေါ်အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ ထိုင်းနိုင်ငံအတွင်းကအထောက်အထားမဲ့တွေက ကြိုဆိုခဲ့ပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့နေထိုင်နေတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ၄နိုင်ငံက ရွှေပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက တရားဝင်အထောက်အထားလက်မှတ်လုပ်ပေးတော့မှာဖြစ်တယ်လို့ ထိုင်းအစိုးရက ကြေငြာခဲ့ကြောင်းအလုပ်သမားရေးလှုပ်ရှားသူ ကိုဟိန်းကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံထဲမှာ လက်ရှိတရားမဝင်ရွှေပြောင်းနေထိုင်နေကြတဲ့သူတွေကို လာမယ့် ၁၂လပိုင်း ၁၆ ရက်နေ့ကစပြီး ၁၂လပိုင်း ၃၀ရက်နေ့ အထိ အထောက်အထားမဲ့တွေကိုအထောက်အထားရှိအောင် သူ့နိုင်ငံအတွင်းနေထိုင်နေတဲ့ တရားမဝင် အလုပ်သမားတွေကို တရားဝင်အောင် အလုပ်သမားလက်မှတ်(ပန်းရောင်ကဒ်)တွေလုပ်ပေးဖို့အစီစဉ်တွေရှိပါတယ်။ ပန်းရောင်ကဒ်လို့ခေါ်တဲ့ ဘတ်လို့လည်းခေါ်တဲ့ အဲဒါလုပ်ဖို့အတွက်က အလုပ်ရှင်ရှိဖို့လိုအပ်ပါတယ်။ ထိုင်းအလုပ်ရှင်ရှိမှသာ ပန်းရောင်ကဒ်လုပ်ပြီး အလုပ်လုပ်လို့ရတာဖြစ်ပါတယ်။"

အခုလိုအလုပ်သမားလက်မှတ်လုပ်ပေးမယ်လို့ထိုင်းအစိုးရကြေငြာခဲ့ပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံအတွင်းကအထောက်မရှိပဲနေထိုင်နေရသူတွေကလည်း ဝမ်းသာစရာသတင်းအဖြစ်အခုလိုပြောလာပါတယ်။

"ကျမတို့ရောက်လာတက မြန်မာပြည်မှာအခက်အခဲမျိုးစုံကြောင့်ပေါ့နော်။ ထိုင်းနိုင်ငံထဲရောက်တော့အလုပ်လုပ်ခွင့်လက်မှတ်လုပ်ချင်တယ်။ လက်မှတ်၇မှ အလုပ်လုပ်လို့ရမယ်ဆိုတော့ လက်မှတ်ကိုလိုချင်တာပေါ့နော်"

အထောက်အထားမဲ့တွေအတွက် တရားဝင်အထောက်အထားလက်မှတ်လုပ်ပေးဖို့ အလုပ်သမားရေးလှုပ်ရှားသေူတွကလည်း အမြဲလိုတောင်းဆိုခဲ့သလို မြန်မာပြည်အခြေအနေကြောင့် တရားမဝင် နေထိုင်နေသူတွေအတွက်လည်းသတင်းကောင်းဖြစ်တယ်လို့လည်း ကိုဟိန်းကပြောသွားပါတယ်။

"ဒါကတော့ပြောရမယ်ဆိုရင် လက်မှတ်လုံးလုံးမရှိဘူးဆိုရင် လက်မှတ်မရှိတာထက်စာရင်တော့ လက်ရှိဒီလိုအသိမှတ်ပြုတဲ့ပန်းရောင်ကဒ်လုပ်ပေးတာကတော့သတင်းကောင်းပဲပေါ့နော်"

ထိုင်းအစိုးရက နိုင်ငံအတွင်း တရားမဝင်နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ကတ်ဖြစ်တဲ့ ပန်းရောင်ကတ်လျှောက်ထားဖို့ အမည်စာရင်း (Name List) တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်မှ ၃၀ ရက်နေ့အထိ၊ ၁၅ ရက်တာ သတ်မှတ်ထားကြောင်းကိုလည်း ဘန်ကောက်မြို့ မြန်မာသံရုံးကလည်း အသိပေးကြေညာပါတယ်။

Forum

XS
SM
MD
LG