သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမိုင်းဝင် အမွေအနှစ်စာချုပ် အဖွဲ့ဝင် အဖြစ်က ထိုင်းနှုတ်ထွက်


ကုလသမိုင်းဝင် အမွေအနှစ်စာချုပ် အဖွဲ့ဝင် အဖြစ်က ထိုင်းနှုတ်ထွက်

ရှေးဟောင်း ဘုရားကျောင်းတခုနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံအကြား သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး ရေရှည် အငြင်းပွားနေကြရတာကြောင့် ယူနက်စကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံတွေထဲကနေ နှုတ်ထွက်လိုက်ပြီလို့ ထိုင်းနိုင်ငံက ကြေညာလိုက်ပါတယ်။

၂ နိုင်ငံ နယ်စပ်မှာ ရှိနေတဲ့ ပရ၀ိဟာရ ရှေးဘုရားကျောင်းနဲ့ ပတ်သက်ပြီး ယူနက်စကိုရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိတယ်လို့လည်း ထိုင်းက ပြောပါတယ်။

ဒီဘုရားကျောင်းကို စီမံခန့်ခွဲဖို့ ကမ္ဘောဒီးယားကို လုပ်ခွင့်ပေးရေး ယူနက်စကိုက ဆုံးဖြတ်ခဲ့လို့ ထိုင်းဘက်က မကျေမနပ် ဖြစ်ခဲ့တာပါ။

ဒီဘုရားကျောင်းကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံတပ်တွေ တဘက်နဲ့ တဘက် တိုက်ခိုက်ခဲ့ကြလို့ လူ ၂၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပါ။

XS
SM
MD
LG