သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း နိုင်ငံရေးကြောင့် Cobra Gold အဆင့်လျှော့


ထိုင်းနိုင်ငံတွင်း အမေရိကန်- ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု "Cobra Gold"
ထိုင်းနိုင်ငံတွင်း အမေရိကန်- ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု "Cobra Gold"

ထိုင်းနိုင်ငံတွင်း အမေရိကန်တို့ရဲ့ အဓိက စစ်ရေးလေ့ကျင်မှုကို အရင် အစီအစဉ်တွေထက် လျှော့ချလုပ်ဆောင်မယ်လို့ အမေရိကန် ပြည်ထောင်စုက အတည်ပြုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ အပေါ် အမေရိကန် အစိုးရဘက်က ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပြန်လည် သုံးသပ်ပြီး အတိုင်းအတာ ကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက် အမေရိကန် သံရုံး ပြောခွင့်ရက ဗွီအိုအေကို သောကြာနေ့မှာ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေအရ အမေရိကန် အစိုးရ အနေနဲ့ အခု စစ်ရေးလေ့ကျင့်မှုမှာ လက်နက် ပစ်ခတ် တိုက်ခိုက်မှု လေ့ကျင့်မှုတွေကို ဖယ်ထုတ်ပြီး လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ပေးရေးနဲ့ သဘာ၀ ဘေးဒဏ် ကယ်ဆယ်ရေး စတဲ့ လေ့ကျင့်မှုတွေကို တိုးမြှင့်လုပ်ဆောင်မယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရ အရာရှိတွေကတော့ မေလ စစ်အာဏာသိမ်းမှုက အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုအပေါ်ကို သက်ရောက်မှု ရှိတယ်ဆိုတာကို မကြာခင်ကဘဲ ငြင်းဆိုပါတယ်။ ထိုင်းနိုင်ငံမှာက နှစ်ပေါင်း ၈၀ အတွင်းမှာ စစ်တပ်က အာဏာ ရယူတာ ၁၂ ကြိမ် ရှိခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့်လည်း အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

XS
SM
MD
LG