သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ပွဲစား ဗစ်တာဘောက်ကို ထိုင်းက အမေရိကန်လက် လွှဲပြောင်း


လက်နက်ပွဲစား ဗစ်တာဘောက်ကို ထိုင်းက အမေရိကန်လက် လွှဲပြောင်း
လက်နက်ပွဲစား ဗစ်တာဘောက်ကို ထိုင်းက အမေရိကန်လက် လွှဲပြောင်း

လက်နက် အရောင်းအဝယ် ပြုလုပ်နေတယ်လို့ မသင်္ကာတဲ့ ရုရှားနိုင်ငံသား ဗစ်တာဘောက် (Viktor Bout) ကို တရားရုံးတင် စစ်ဆေး ရင်ဆိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ပို့ဆောင်လိုက်ပြီလို့ ထိုင်းရဲအရာရှိတွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဒီအတွက် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြားမှာ ၂ နှစ်ကြာ တရားခံ လွှဲပြောင်းအပ်နှံမှု အငြင်းပွားနေတဲ့ ပြဿနာ အဆုံးသတ်ပြီလို့ ဆိုနိုင်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ သူ့အစိုးရအနေနဲ့ တရားခံကို လွှဲပြောင်း အပ်နှံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားအပြီး နာရီအနည်းငယ်အကြာ ဒီနေ့ အင်္ဂါနေ့ နေ့လယ်ပိုင်းက အမေရိကန်ပိုင် ဂျက်လေယာဉ်နဲ့ ဘန်ကောက်ကနေ ဗစ်တာဘောက် ထွက်ခွာသွားပြီလို့ ရဲတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေး မဟာမိတ် ရုရှားနဲ့ တဘက်မှာလည်း အဓိက လုံခြုံရေး မဟာမိတ် ဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား နှစ်နိုင်ငံ ဖိအားပေးမှုတွေကြားမှာ ပိတ်မိနေတာကြောင့် အခုလို ဆုံးဖြတ်ချက်ချဖို့ အဘီဆစ် အစိုးရအတွက် အတော်လေး အကျပ်ရိုက်ခဲ့ပါတယ်။

တရားခံကို လွှဲပြောင်းပေးနိုင်ဖို့ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ဟာ စနေနေ့မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သေမင်းကုန်သည်လို့ မကြာခဏ ရည်ညွှန်းခံရတဲ့ မစ္စတာ ဗစ်တာဘောက်ကို ၂၀၀၈ ခုနှစ် မတ်လက ထိုင်းနိုင်ငံမှာ အမေရိကန် ဦးစီးတဲ့ ဗျူဟာရပ်တခု အတွင်းမှာ ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG