သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် လူ့အခွင့်အရေး ရှင်းလင်းပွဲ ထိုင်းပိတ်ပင်


ထိုင်းအစိုးရက ဗီဇာပိတ်ပင်ခြင်း ခံရသူ ဗီယက်နမ် လူ့အခွင့်အရေး လှုပ်ရှားသူ Vo Van Ai
ထိုင်းအစိုးရက ဗီဇာပိတ်ပင်ခြင်း ခံရသူ ဗီယက်နမ် လူ့အခွင့်အရေး လှုပ်ရှားသူ Vo Van Ai

ဗီယက်နမ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောမယ့် သတင်းစာ ရှင်းလင်းပွဲမှာ လှုပ်ရှားသူတွေက အိမ်နီးချင်း ဗီယက်နမ်နိုင်ငံကို စော်ကားပြောဆိုမှာကို စိုးရိမ်တဲ့အတွက် ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ မလုပ်နိုင်အောင် ထိုင်းအစိုးရက ပိတ်ပင်ခဲ့ပါတယ်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို ပြောပြချင်တယ်လို့ ဆိုသူ လူ့အခွင့်အရေး လှုပ်ရှားသူ ၂ ယောက်ကို ထိုင်းအစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ဟာ အရေးကြီးပေမဲ့ တခြားနိုင်ငံတခုကို ထိခိုက်စေမယ့် အလုပ်မျိုးကို တဦးတယောက်တည်းကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ထိုင်းမြေပေါ်မှာ လုပ်တာကို ခွင့်မပြုနိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ဗီယက်နမ် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က ဖျက်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန်ကောက်ကနေ ပြင်သစ်ကိုသွားမယ့် လူ့အခွင့်အရေး လှုပ်ရှားသူ ၂ ယောက်ကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG