သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ျမန္မာလုပ္သားေတြ လုပ္ခလစာ တိုးရဖြယ္ရွိ


THAI LABOURERS

ထိုင္းႏိုင္ငံထဲက အလုပ္အကိုင္စြမ္းရည္ကိုအေျခခံတဲ့ က်ြမ္းက်င္လုပ္သား ၁၆မ်ိဳးကို လုပ္အားခလစာတိုးျမင့္ေပးေႀကာင္း ထုိင္းအစုိးရကထုတ္ျပန္ခဲ့ရာမွာ ဒီထဲမွာျမန္မာအလုပ္သမားေတြ အမ်ားဆံုးအလုပ္လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြထဲက ၆မိ်ဳးသာပါ၀င္ပါတယ္။

ထိုင္းႏိုင္ငံထဲက အလုပ္အကိုင္စြမ္းရည္ကိုအေျခခံတဲ့ က်ြမ္းက်င္လုပ္သား ၁၆မ်ိဳးကို လုပ္အားခလစာတိုးျမင့္ေပးေႀကာင္း ထုိင္းအစုိးရကထုတ္ျပန္ခဲ့ရာမွာ ဒီထဲမွာျမန္မာအလုပ္သမားေတြ အမ်ားဆံုးအလုပ္လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြထဲက ၆မိ်ဳးသာပါ၀င္ပါတယ္။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းက အလုပ္အကုိင္က်ြမ္းက်င္တဲ့စြမ္းရည္အေပၚမူတည္ျပီး လုပ္ငန္းအမ်ိဳးအစား၁၆ မ်ိဳးထဲက က်ြမ္းက်င္လုပ္သားေတြကိုလုပ္အားခလစာ တုိးျမွင့္ေပးမွာျဖစ္ေႀကာင္းထုိင္းအစိုးရက ျပီးခဲ့တဲ့ ဇြန္လ၉ရက္ေန့က တရား၀င္အတည္ျပဳခဲ့တယ္လို့ ထုိင္းေတာ္၀င္ျပန္တမ္းကေနထုတ္ျပန္ခဲ့ပါတယ္။ ဒီထဲမွာေတာ့ ျမန္မာအလုပ္သမားေတြအမ်ားဆံုးလုပ္ကိုင္ေနတဲ့လုပ္ငန္း ၆မ်ိဳးပါ၀င္တယ္လို့ ျမန္မာျပည္သားမ်ားအေရးပူးတဲြလွဳပ္ရွားမႈေကာ္မတီဥကၠဌဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

"အဲဒီအလုပ္အကုိင္ ၁၆မ်ိဳးထဲမွာေတာ့ေရြေျပာင္းလုပ္သားေတြလုပ္ကိုင္ခြင့္ရတာက ထိုင္းဥပေဒအရ ၆မ်ိဳးသာရွိတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းေတြထဲကေတာ့ ေႀကြျပားခင္းတာ မ်က္ႏွာက်က္လုပ္တာ၊ ေဆးသုတ္လုပ္ငန္း အုပ္စီလုပ္ငန္းတို့ ၀န္ေဆာင္မူလုပ္ငန္းေတြေတြထဲကေတာ့အစားအေသာက္လုပ္ငန္းေတြ ေဖ်ာ္ရည္၊ ယမကာေတြ ၀န္ေဆာင္ေပးဖို့တို့ သက္ႀကီးရြယ္အုိေတြ ေစာင့္ေရွာက္တဲ့လုပ္ငန္းေတြကေတာ့ ေရႊေျပာင္းအလုပ္သမားေတြလုပ္ကုိင္ခြင့္ရွိပါတယ္ ၁၆မ်ိဳးမွာေတာ့ အလုပ္သမားေတြက ၆မ်ိဳးေလာက္လုပ္လို့ရပါတယ္"

အခုတေန့လုပ္အားခံတိုျမွင့္ေပးတာဟာ ႏွစ္စဥ္ အျပည္ျပည္ဆိုင္ရာအလုပ္သမားေန့တုိင္းမွာအလုပ္သမားသမဂအဖဲြ ့အစည္းေတြကေတာင္းဆုိတာေႀကာင့္ဒီေျခအေနေတြျဖစ္လာတယ္္လို့လည္းဦးမုိးႀကိဳးကဆုိပါတယ္ အခုလို တိုးတက္လာမူကိုေတာ့အေကာင္းျမင္ခဲ့ျပီးေနာက္ထပ္လည္း ျမန္မာအလုပ္သမားေတြအမ်ားအျပားအလုပ္လုပ္ကို္ေနတဲ့စက္ရံုလုပ္ငန္းေရထြက္ပစၥည္းလုပ္ငန္းေတြမွာလည္း လုပ္အားခေတြတုိးျမွင့္ရရွိဖို့ႀကိဳးစားသြားမယ္လို့လည္းဆုိပါတယ္။

"တိုးတက္လာတဲ့အေျခအေန နည္းနည္းတိုးတက္လာတယ္လုိ့ေျပာလို့ရတာေပါ့။ ေျဖးေျဖးခ်င္း တျဖည္းျဖည္း တရစ္ခ်င္း ကုိယ့္အလုပ္သမားအခြင့္ေရးကိုဥပေဒေဘာင္ထဲကေနတုိးျမွႈင့္ဖုိ့လုပ္ရမွာေပါ့ေ။ လာေလာဆယ္ကေတာ့က်ြမ္းက်င္လုပ္သား၁၆မ်ိဳးကုိသာ ခဲြျခမ္းျပီးလုပ္အားခလစာတုိးျမွင့္ေပးေပမယ့္လုိ့ အျခားေသာက်ြမ္းက်င္လုပ္ငန္းေတြအတြက္အေျခခံလစာတုိးေပးဖို႔အတြက္ေတာ့ထုိင္းလူ့အခြင့္ေရးအဖဲြ ့အစည္းေတြ ထိုင္းအလုပ္သမားသမဂအဖဲြ့အဖဲြ ့အစည္းေတြျမန္မာေရႊေျပာင္းလုပ္သားေရးရာအဖဲြ ့အစည္းေတြ ကာယကံရွင္ေရႊေျပာင္းအလုပ္သမားေတြေပါင္းစည္းျပီးေတာ့ ေတာင္းဆိုမႈေတြလုပ္ရင္ ဒီလိုအေျခအေနေတြေပၚလာမွာပါ။ အခုဟာကလည္း ေပါင္းစည္းညီညြတ္ျပီးေတာင္းဆုိထားတဲ့အေျခအေနေတြေႀကာင့္ေပးလာတာပါ "

ထိုင္းႏိုင္ငံအတြင္းမွာတေန့ အျခခံလုပ္အားခက ဘတ္ေငြ ၃၀၀ေက်ာ္ကေန အခုဆိုရင္ က်ြမ္းက်င္လုပ္သားေတြကို လုပ္အားခေတြတုိးျမွင့္ေပးသြားမွာပါ ေဆာက္လုပ္ေရးအလုပ္အကိုင္ ၅ မ်ိဳးထဲက မ်က္ႏွာက်က္တပ္ဆင္ကြၽမ္းက်င္လုပ္သား ကေတာ့ ၄၅၀ ဘတ္မွ ၅၉၅ ဘတ္ ထိရရွိမွာျဖစ္ျပီး ကြန္ျပဴတာနဲ့ အေဆာက္အဦးဒီဇိုင္းေရးဆြဲသူကေတာ့ ၆၄၅ ဘတ္နံရံနဲ့ၾကမ္းခင္းေႂကြျပားကပ္္လုပ္သားက္ ၄၅၀ ဘတ္ ကေန ၆၅၀ ဘတ္ ထိရရွိမွာျဖစ္ပါတယ္။

၀န္ေဆာင္မူလုပ္ငန္းရမ်ိဳးကိုလည္းလုပ္အားခတုိးျမွင့္ေပးမွာျဖစ္ျပီး ဒီထဲမွာဆံျပင္အလွျပင္လုပ္ငန္းေတြလည္းပါ၀င္ပါတယ္။ သက္ႀကီး႐ြယ္အိုျပဳစုေရး လုပ္သားေတြကေတာ့တေန့ကို ၅၀၀ ဘတ္ထိတုိးျမွင့္သြားမွာျဖစ္ပါတယ္။

Unicode

ထိုင်းနိုင်ငံထဲက အလုပ်အကိုင်စွမ်းရည်ကိုအခြေခံတဲ့ ကျွမ်းကျင်လုပ်သား ၁၆မျိုးကို လုပ်အားခလစာတိုးမြင့်ပေးကြောင်း ထိုင်းအစိုးရကထုတ်ပြန်ခဲ့ရာမှာ ဒီထဲမှာမြန်မာအလုပ်သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲက ၆မျိုးသာပါဝင်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းက အလုပ်အကိုင်ကျွမ်းကျင်တဲ့စွမ်းရည်အပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစား၁၆ မျိုးထဲက ကျွမ်းကျင်လုပ်သားတွေကိုလုပ်အားခလစာ တိုးမြှင့်ပေးမှာဖြစ်ကြောင်းထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လ၉ရက်နေ့က တရားဝင်အတည်ပြုခဲ့တယ်လို့ ထိုင်းတော်ဝင်ပြန်တမ်းကနေထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာတော့ မြန်မာအလုပ်သမားတွေအများဆုံးလုပ်ကိုင်နေတဲ့လုပ်ငန်း ၆မျိုးပါဝင်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌဦးမိုးကြိုးက အခုလိုပြောပါတယ်။

"အဲဒီအလုပ်အကိုင် ၁၆မျိုးထဲမှာတော့ရွေပြောင်းလုပ်သားတွေလုပ်ကိုင်ခွင့်ရတာက ထိုင်းဥပဒေအရ ၆မျိုးသာရှိတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေထဲကတော့ ကြွေပြားခင်းတာ မျက်နှာကျက်လုပ်တာ၊ ဆေးသုတ်လုပ်ငန်း အုပ်စီလုပ်ငန်းတို့ ဝန်ဆောင်မူလုပ်ငန်းတွေတွေထဲကတော့အစားအသောက်လုပ်ငန်းတွေ ဖျော်ရည်၊ ယမကာတွေ ဝန်ဆောင်ပေးဖို့တို့ သက်ကြီးရွယ်အိုတွေ စောင့်ရှောက်တဲ့လုပ်ငန်းတွေကတော့ ရွှေပြောင်းအလုပ်သမားတွေလုပ်ကိုင်ခွင့်ရှိပါတယ် ၁၆မျိုးမှာတော့ အလုပ်သမားတွေက ၆မျိုးလောက်လုပ်လို့ရပါတယ်"

အခုတနေ့လုပ်အားခံတိုမြှင့်ပေးတာဟာ နှစ်စဉ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တိုင်းမှာအလုပ်သမားသမဂအဖွဲ့အစည်းတွေကတောင်းဆိုတာကြောင့်ဒီခြေအနေတွေဖြစ်လာတယ်လို့လည်းဦးမိုးကြိုးကဆိုပါတယ် အခုလို တိုးတက်လာမူကိုတော့အကောင်းမြင်ခဲ့ပြီးနောက်ထပ်လည်း မြန်မာအလုပ်သမားတွေအများအပြားအလုပ်လုပ်ကိုနေတဲ့စက်ရုံလုပ်ငန်းရေထွက်ပစ္စည်းလုပ်ငန်းတွေမှာလည်း လုပ်အားခတွေတိုးမြှင့်ရရှိဖို့ကြိုးစားသွားမယ်လို့လည်းဆိုပါတယ်။

"တိုးတက်လာတဲ့အခြေအနေ နည်းနည်းတိုးတက်လာတယ်လို့ပြောလို့ရတာပေါ့။ ဖြေးဖြေးချင်း တဖြည်းဖြည်း တရစ်ချင်း ကိုယ့်အလုပ်သမားအခွင့်ရေးကိုဥပဒေဘောင်ထဲကနေတိုးမြှှုင့်ဖို့လုပ်ရမှာပေါ့ေ။ လာလောဆယ်ကတော့ကျွမ်းကျင်လုပ်သား၁၆မျိုးကိုသာ ခွဲခြမ်းပြီးလုပ်အားခလစာတိုးမြှင့်ပေးပေမယ့်လို့ အခြားသောကျွမ်းကျင်လုပ်ငန်းတွေအတွက်အခြေခံလစာတိုးပေးဖို့အတွက်တော့ထိုင်းလူ့အခွင့်ရေးအဖွဲ့အစည်းတွေ ထိုင်းအလုပ်သမားသမဂအဖွဲ့အဖွဲ့အစည်းတွေမြန်မာရွှေပြောင်းလုပ်သားရေးရာအဖွဲ့အစည်းတွေ ကာယကံရှင်ရွှေပြောင်းအလုပ်သမားတွေပေါင်းစည်းပြီးတော့ တောင်းဆိုမှုတွေလုပ်ရင် ဒီလိုအခြေအနေတွေပေါ်လာမှာပါ။ အခုဟာကလည်း ပေါင်းစည်းညီညွတ်ပြီးတောင်းဆိုထားတဲ့အခြေအနေတွေကြောင့်ပေးလာတာပါ "

ထိုင်းနိုင်ငံအတွင်းမှာတနေ့ အခြခံလုပ်အားခက ဘတ်ငွေ ၃၀၀ကျော်ကနေ အခုဆိုရင် ကျွမ်းကျင်လုပ်သားတွေကို လုပ်အားခတွေတိုးမြှင့်ပေးသွားမှာပါ ဆောက်လုပ်ရေးအလုပ်အကိုင် ၅ မျိုးထဲက မျက်နှာကျက်တပ်ဆင်ကျွမ်းကျင်လုပ်သား ကတော့ ၄၅၀ ဘတ်မှ ၅၉၅ ဘတ် ထိရရှိမှာဖြစ်ပြီး ကွန်ပြူတာနဲ့ အဆောက်အဦးဒီဇိုင်းရေးဆွဲသူကတော့ ၆၄၅ ဘတ်နံရံနဲ့ကြမ်းခင်းကြွေပြားကပ်လုပ်သားက် ၄၅၀ ဘတ် ကနေ ၆၅၀ ဘတ် ထိရရှိမှာဖြစ်ပါတယ်။

ဝန်ဆောင်မူလုပ်ငန်းရမျိုးကိုလည်းလုပ်အားခတိုးမြှင့်ပေးမှာဖြစ်ပြီး ဒီထဲမှာဆံပြင်အလှပြင်လုပ်ငန်းတွေလည်းပါဝင်ပါတယ်။ သက်ကြီးရွယ်အိုပြုစုရေး လုပ်သားတွေကတော့တနေ့ကို ၅၀၀ ဘတ်ထိတိုးမြှင့်သွားမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG