ပြီးခဲ့တဲ့လထဲ ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေက အဖမ်းအဆီးတွေ ဆက်လုပ်နေတာဟာ လူ့အခွင့်အရေး အဖွဲ့တွေကို ဒေါသထွက်စေပါတယ်။
မေလ ၂၂ ရက် စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး အခုထိ အဖမ်းခံနေရတဲ့ နိုင်ငံရေးသမား၊ သတင်းသမားနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၂၀၀ ကျော်ကို ဗိုလ်ချုပ်ကြီး Prayuth Chan-ocha ဦးဆောင်တဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
အများအပြားကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တချို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာ ဖွင့်မပြောဘဲ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်လည်း မပေးခဲ့ပါဘူး။ အခုလို ဘယ်ရောက်နေမှန်းမသိဘဲ ပျောက်ဆုံးသွားတာနဲ့ ကျဘန်း လိုက်လံ ဖမ်းဆီးနေတာတွေကို ရပ်ဆိုင်းဖို့ စစ်ခေါင်းဆောင်တွေကို Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါ တယ်။
အထူးသဖြင့် မေလ ၂၈ ရက်နေ့က စစ်သားတွေ ဖမ်းဆီးသွားခဲ့တဲ့ ရှပ်နီအဖွဲ့က အသက် ၂၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ Kritsuda Khunasen အတွက် အထူးစိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ လူတယောက်ကို ၇ ရက်ပဲ ဖမ်းထားခွင့်ရှိပေမဲ့ အခုထိ သူ့ကို လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ သူ့လို တက်ကြွလှုပ်ရှားသူတွေကို ဘယ်မှာ ဖမ်းဆီးထားတယ် ဆိုတာကို ထုတ်မပြောတဲ့အတွက် သူတို့ရဲ့ အသက်အန္တရာယ်အတွက် အထူးစိတ်ပူရကြောင်း လူ့အခွင့်ရေးအဖွဲ့ရဲ့ အာရှတာဝန်ခံ Brad Adams က ပြောပါတယ်။