သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြ ခေါင်းဆောင်တဦးသေဆုံး


ကြိုတင်မဲပေးဖို့အတွက် မဲရုံရှေ့က အမည်စာရင်းကြည့်နေသော မဲဆန္ဒရှင်တစ်ဦးနဲ့ မဲပေးမှုကို ကန့်ကွက်နေသူများ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)
ကြိုတင်မဲပေးဖို့အတွက် မဲရုံရှေ့က အမည်စာရင်းကြည့်နေသော မဲဆန္ဒရှင်တစ်ဦးနဲ့ မဲပေးမှုကို ကန့်ကွက်နေသူများ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ ကြိုတင်မဲပေးပွဲတွေ ဒီကနေ့ကျင်းပနေချိန်မှာ အစိုးရဆန့်ကျင် ဆန္ဒပြခေါင်းဆောင်တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ရဲနဲ့ဆန္ဒပြသူတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ Suthin Taratin ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုမှာ ၅ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ရဲက ပြောပါတယ်။

ကြိုတင်မဲပေးပွဲကျင်းပနေတဲ့ မဲရုံတချို့ရှေ့မှာ ဆန္ဒပြသူတွေက မဲလာပေးသူတွေကို မဲမပေးဖို့ တားဆီးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကြောင့် ဘန်ကောက် မြို့တော်ထဲက မဲရုံပေါင်း ၄၀ ကျော်ကို ပိတ်ပစ်ခဲ့ရပါတယ်။

အနှောင့်အယှက်ပေးမှုတွေ အကြမ်းဖက်မှုတွေရှိနိုင်တာကြောင့် February ၂ ရက်မှာကျင်းပမဲ့ အထွေထွေ ရွေးကောက်ပွဲကို နောက်ဆုတ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က တောင်းဆိုထားပေမဲ့ အစိုးရကတော့ ဆန္ဒပြမှုတွေ အဆုံးသတ်ပြီး ရွေးကောက်ပွဲကို အတိုက်အခံတွေ သပိတ်မှောက်တာရပ်မှ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက်စောပြီး ကျင်းပမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG