သုံးရလွယ်ကူစေသည့် Link များ

ထိုင်းဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေးဆွေးနွေး


ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

ဒီကနေ့ပဲ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး အပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ ဘန်ကောက်မြို့တော်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ထိုင်းနိုင်ငံက အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ နောက်ဆက်တွဲအဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ပြီး၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် ၆ သိန်းခွဲကျော် ထွက်ပြေးခဲ့ရကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့၊ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကို ဖြေရှင်းရာမှာ အကူအညီပေးဖို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကတိပြုထားတာပါ။ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ အသင့်ပြင်ဆင်ထားကြောင်း မနေ့တုန်းကပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပပြောဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှု အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်အရေးအပြင်၊ ၂ နိုင်ငံကြား ကုန်သွယ်မှုတွေ တိုးမြှင့်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG