သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ


ဝန်ကြီးချုပ် ယင်းလတ် ဖြုတ်ချရေး ဆန့်ကျင်ဆန္ဒပြ
( ဘန်ကောက်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၃)
ဝန်ကြီးချုပ် ယင်းလတ် ဖြုတ်ချရေး ဆန့်ကျင်ဆန္ဒပြ ( ဘန်ကောက်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၃)
ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့ ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူက ၂၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အရင်တုန်းက လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးပြီး နိုင်ငံရေးပြဿနာပြေလည်အောင် လုပ်ပေးဖို့ တောင်းဆိုကြတဲ့ လူအုပ်လောက် မများလှပါဘူး။

အစိုးရဘက်က လိုက်လျောလုပ်ဆောင်မှုတွေဟာ မလုံလောက်သေးဘူးလို့ အတိုက်အခံတွေကပြောပါတယ်။ တချို့ကလည်း လက်ရှိအစိုးရဟာ တရားမဝင်ဘူးလို့ ရှုမြင်ကြတဲ့အတွက် ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုကြပါတယ်။

ရင်လတ်အစိုးရအနေနဲ့ သူ့ရဲ့ အကိုတော်သူ ဖြုတ်အချခံခဲ့ရတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်ဖြစ်နေပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံသား ၂ သိန်းလောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး တချို့က ဝန်ကြီးဌာနတွေနဲ့ တခြားအစိုးရအဆောက်အဦး တွေကို သိမ်းပိုက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ အောက်တိုဘာလကုန်လောက်မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရင်လတ်အစိုးရက မစ္စတာ Thaksin ကို သူ့ရဲ့ အဂတိလိုက်စားမှုအတွက် ပြစ်ဒဏ်မခံစေရဘဲ ပြည်တော်ပြန်ဖို့ ခွင့်ပြုတဲ့ ဥပဒေတရပ်ကို ပြဌာန်းဖို့ ကြိုးစားတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။
XS
SM
MD
LG