သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးသစ် ၈ ဦး ဘုရင့်ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆို


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိပ်ဂျာဂျီ၀ (Abhisit Vejjajiva) အစိုးရအတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ရာမှာ ဝန်ကြီးအသစ် ၈ ဦးဟာ ထိုင်းဘုရင်မင်းမြတ် ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြပါတယ်။

ဝန်ကြီးသစ်တွေအနေနဲ့ နိုင်ငံ့အကျိုးအတွက် သစ္စာစောင့်သိကြပါလို့ ထိုင်းဘုရင် ဘူမိဘော အဒူလ်ယာဒက် (Bhumibol Adulyadej) က တိုက်တွန်းလိုက်ပါတယ်။ ဒီ ကျမ်းသစ္စာ ကျန်ဆိုပွဲ အခမ်းအနားကို ထိုင်းဘုရင် ၉ လကြာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆေးရုံမှာ တနင်္လာနေ့က ကျင်းပခဲ့ပြီး နိုင်ငံကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိပ်ဂျာဂျီ၀ အစိုးရက အစိုးရ ဆန့်ကျင်ရေး ရှပ်နီဝတ်တွေကို စစ်တပ်သုံး နှိမ်နင်းခဲ့ပြီးနောက် ထိုင်းဘုရင်မင်းမြတ်ရဲ့ မှတ်ချက်ကို ပထမဆုံးအကြိမ် ရုပ်မြင်သံကြားကတဆင့် လူထုက ကြားသိကြရတာ ဖြစ်ပါတယ်။

ရှပ်နီဝတ်တွေရဲ့ ၂ လကြာ ဆန္ဒပြပွဲတွေကိုရော၊ ထိုင်းစစ်တပ်က အင်အားသုံး ဖြိုခွင်းတာတွေကိုပါ ထိုင်းဘုရင်က ဘာမှတ်ချက်မှ မပေးဘဲ နေခဲ့တာ ဖြစ်ပါတယ်။ ရှပ်နီတွေနဲ့ ထိုင်းစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ၈၉ ဦး သေဆုံးပြီး ၁,၈၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြပါတယ်။

XS
SM
MD
LG