သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြပွဲ အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အကြီးအကဲ တာဝန်ပေး


အရင်လက ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ရှပ်နီဝတ်တွေနဲ့ စစ်တပ်အကြား အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအတွက် ထိုင်းရှေ့နေချုပ်ဟောင်း တယောက်ကို တာဝန်ပေးအပ်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိပ်ဂျာဂျီ၀ (Abhisit Vejjajiva) က မစ္စတာ ကာနစ် နာနာကွန် (Mr. Kanit Nanakorn) ကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဦးဆောင်ဖို့ တာဝန်ပေးလိုက်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ထိုင်းအတိုက်အခံ Puea Thai ပါတီကတော့ မစ္စတာ ကာနစ် နာနာကွန်ဟာ ရှပ်နီဝတ်တွေကို အင်အားသုံး နှိမ်နင်းဖို့ ညွှန်ကြားခဲ့တဲ့ အစိုးရနဲ့ အနီးကပ် ဆက်ဆံနေတာကြောင့် ဘက်လိုက်နိုင်ကြောင်း၊ အစိုးရအနေနဲ့ နိုင်ငံတကာ အကဲခတ် လေ့လာရေး အဖွဲ့တွေကို ဖိတ်ကြားပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆောင်စေလိုတယ်လို့ ပြောဆိုနေပါတယ်။

ဆန္ဒပြပွဲတွေအတွင်း နိုင်ငံခြားသတင်းထောက် ၂ ယောက် ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးဖို့အတွက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး အသင်းက ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

၂ လကြာ ဆန္ဒပြပွဲတွေအတွင်း ရှပ်နီဝတ်တွေနဲ့ ထိုင်းစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ၈၉ ဦး သေဆုံးပြီး ၁,၈၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြပါတယ်။

XS
SM
MD
LG