သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် အပါအ၀င် ခရိုင် ၃ ခုမှာ အရေးပေါ် အခြေအနေ ရုပ်သိမ်း


ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၃ ခုမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ပြန်ရုပ်သိမ်းမယ်လို့ ထိုင်းအာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ မြို့တော် ဘန်ကောက် အပါအ၀င် တခြား အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ဒေသတွေမှာတော့ ဆက်လက် ထားရှိသွားမယ်လို့ ဆိုပါတယ်။

မတ်လတုန်းက စခဲ့ပြီး သီတင်းပတ် အတော်ကြာခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့သူတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တကျော့ပြန် လုပ်ဆောင်လာနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းအစိုးရက အဲဒီ အရေးပေါ် အခြေအနေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့အတွက် သာမန်ပြည်သူတွေ လွတ်လပ်မှုတချို့ ဆုံးရှုံးခဲ့သလို အစိုးရက ဆင်ဆာ ဖြတ်တောက်တာတွေကိုလည်း တင်းကျပ်စွာ လုပ်ဆောင်ခဲ့ပြီး အစိုးရ အနေနဲ့ စစ်တပ်ကို လိုအပ်တဲ့ နေရာတွေကို အလွယ်တကူ ရွှေ့ပြောင်းခွင့် ရသွားစေပါတယ်။

အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ဘန်ကောက်မြို့နဲ့ အနီးပတ်ဝန်းကျင်ကို သီတင်းပတ် ၁၀ ပတ်လောက် သိမ်းပိုက်ခဲ့တဲ့ ကာလတွေအတွင်း နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၉၀ လောက် သေဆုံးပြီး ၁,၉၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့မှာတော့ အဲဒီ အင်္ကျီနီဝတ် ဆန္ဒပြသမားတွေကို စစ်တပ်က ၀င်ရောက် ဖြိုခွင်းခဲ့ပါတယ်။

XS
SM
MD
LG