သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ခရိုင် ၆ ခု အရေးပေါ် အုပ်ချုပ်မှု ရုပ်သိမ်း


ထိုင်းနိုင်ငံမှာ ဒီနှစ်အစောပိုင်း အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ချိန်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ခရိုင် ၆ ခုမှာ ဖယ်ရှားပေးလိုက်ပါပြီ။

အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) က အရေးပေါ် အခြေအနေကို ဖယ်ရှားတယ်ဆိုတာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တော် အပါအ၀င် တခြားဒေသတွေမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေတွေကိုတော့ ဆက်ပြီးတော့ ထားရှိသွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ဘန်ကောက်မြို့က စီးပွားရေး အချက်အချာ နေရာတွေကို သီတင်းပတ်ပေါင်းများစွာ ပိတ်ဆို့ပြီးတော့ အနီရောင်ဝတ် အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဆန္ဒပြခဲ့ကြပြီးနောက် ဧပြီလမှာ အရေးပေါ် အခြေအနေကို ၀န်ကြီးချုပ်က စတင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့အတွက် အရပ်သား အခွင့်အရေးတချို့ ဆုံးရှုံးသလို သတင်းမီဒီယာတွေမှာ ဆင်ဆာဖြတ်ခွင့်တွေ ရှိပြီးတော့ ငြိမ်းချမ်းရေးအတွက် စစ်တပ် အသုံးပြုခွင့်တွေ ရှိပါတယ်။

XS
SM
MD
LG