သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ်ယင်းလပ် ကမ်းလှမ်း


ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတစ်ဦးက လက်ရှိအစိုးရထောက်ခံတယ်လို့ ယူဆရသူတွေရဲ့ ဘတ်စ်ကားကို တိုက်ခိုက်နေစဉ်။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)
ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတစ်ဦးက လက်ရှိအစိုးရထောက်ခံတယ်လို့ ယူဆရသူတွေရဲ့ ဘတ်စ်ကားကို တိုက်ခိုက်နေစဉ်။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)
ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုရှိခဲ့တာနဲ့အတူ အစိုးရဆင်းပေးဖို့ဆန္ဒပြနေသူတွေနဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ် Yingluck
Shinawatra က ကမ်းလှမ်းခဲ့ပါတယ်။

ဘန်ကောက်မြို့အားကစားကွင်းတခုနားမှာ သေနတ်သံတွေ ပေါ်ထွက်ခဲ့ပြီးနောက် ၁ ယောက်သေဆုံးခဲ့တယ်လို့ ရဲကပြောပါတယ်။ ၁၀ ယောက် ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် Yinluck ကိုထောက်ခံတဲ့ လူထုစုဝေးပွဲဆီသွားကြသူတွေကို အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေက တိုက်ခိုက်ရာက အကြမ်းဖက်မှုစတင်ခဲ့တာပါ။

ဘယ်သူက သေနတ်နဲ့ပစ်သလဲဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဝန်ကြီးချုပ် Yinluck နဲ့ အစိုးရဆင်းပေးဖို့ ဆန္ဒပြပွဲတွေဖြစ်နေတာ သီတင်း တပတ်ကြာလာပြီဖြစ်သလို စနေနေ့ကလည်း ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူ ၁ ထောင်ကျော် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရုံးတွေထဲ ဝင်ရောက် ဆန္ဒပြနေကြတဲ့ ဆန္ဒပြနေသူတွေဟာ ဆက်သွယ်ရေးရုံးထဲ ဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လမ်းပေါ်က Bus ကားနဲ့ မော်တော်ကားတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

ခုလိုမငြိမ်မသက်ဖြစ်နေတဲ့အတွက် ဆန္ဒပြနေသူတွေ၊ တခြားသက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့လိုလားတယ်လို့ ဝန်ကြီးချုပ် Yinluck က စနေနေ့က ပြောကြားခဲ့ပါတယ်။

အစိုးရဆန့်ကျင်ဆန္ဒပြခေါင်းဆောင်တွေဖက်ကတော့ ယုံကြည်စရာမရှိတဲ့ အစိုးရနဲ့ ညှိနှိုင်းစရာမရှိဘူးလို့ ပြောပြီး ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG