သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းလို့ ဘန်ကောက်ကျောင်းတွေ ပိတ်ထား


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သီတင်းပတ်ပေါင်းများစွာ ကြုံနေရတဲ့ လေထု ညစ်ညမ်းမှုတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အဆင့်အထိ ဖြစ်လာနေ တာကြောင့် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်လိုက်ရပါတယ်။

လေထုညစ်ညမ်းမှုတွေဟာ ရှေ့သီတင်းပတ် တနင်္လာနေ့လောက်အထိ ရှိနေနိုင်သေး တယ်လို့ တာဝန်ရှိသူတွေ ခန့်မှန်းထားတဲ့အတွက် ကျောင်းပေါင်း ၄၃၇ ကျောင်းကို ဒီနေ့ကစပြီး၊ တပတ်လုံး ပိတ်လိုက်ဖို့ ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူးကို ဝန်ကြီးချုပ် Prayuth Chan-ocha က ညွှန်ကြားခဲ့တာပါ။

လေငြိမ်နေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးရွားလွန်းနေတဲ့အတွက် လေထုထဲမှာ အမှုန်တွေ ပိုများလာနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။ တနင်္လာနေ့ကစလို့ ဘန်ကောက်မြို့နဲ့ ပတ်ဝန်းကျင်ရဲ့ လေထုထဲမှာ အမှုန်အမွှားတွေဟာ အန္တရာယ်ရှိတဲ့ အဆင့်အထိ တိုးလာနေတဲ့အကြောင်း လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးဌာနက ပြောဆိုထားတာပါ။

လေထုညစ်ညမ်းမှု အန္တရာယ်ကြောင့် မြို့ခံတွေ မလိုအပ်ရင် ပြင်ပကို မသွားကြဖို့နဲ့ အပြင်မှာ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ရှောင်ရှားဖို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG