သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ဝယ်မှု မပတ်သက်လို့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း ငြင်းဆို


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ်ရုံးချုပ်ရှေ့မြင်ကွင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ်ရုံးချုပ်ရှေ့မြင်ကွင်း

မြန်မာစစ်တပ် လက်နက်တွေ ဝယ်ယူနိုင်အောင် ထိုင်းဘဏ်တွေကတဆင့် ငွေအလွှဲအပြောင်း လုပ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာပါ ဖော်ပြချက်ကို ထိုင်းဘဏ်လုပ်ငန်းများရှင်များအသင်းက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာမှာ စွပ်စွဲထားသလို ထိုင်းဘဏ်တွေအနေနဲ့ စစ်ခေါင်းဆောင်တွေ လက်နက်ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ဇွန်လ ၂၈ ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန်တာပါ။ မြန်မာစစ်တပ် စစ်လက်နက် ဝယ်ယူတာ၊ ဒါမှမဟုတ် စစ်လက်နက်ပစ္စည်း ဝယ်ယူတာကို လုံးဝမကူညီရဘူးဆိုတဲ့ မူဝါဒ ထိုင်းဘဏ်တွေမှာ မူရှိတယ်ဆိုတာကို ထောက်ပြပြီး ဘဏ်တွေရဲ့ ငွေကြေးအရွှေ့အပြောင်း လုပ်မှုကနေ လူ့အခွင့်အရေး ချိုးဖောက်မှုမြောက်နိုင်တဲ့ ကိစ္စတွေကို ကာကွယ်ဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသင်းဝင်နိုင်ငံတွေအနေနဲ့ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နေသလို ငွေကြေးလွှဲပြောင်းမှု တားမြစ်စာရင်းဝင် အန္တရာယ်ရှိတဲ့ အလွှဲအပြောင်းတွေ လုပ်နေသလားဆိုတာကိုလည်း အမြဲမပြတ် လေ့လာစောင့်ကြည်နေတယ်လို့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မြန်မာစစ်တပ် စစ်နက်ပစ္စည်းတွေ ဝယ်ယူမှုမှာ ပတ်သက်နေတယ်လို့ အထူးစုံစမ်းရေးမှူး Tom Andrews ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံက Siam Commercial Bank (SCB) ဘဏ်၊ Bangkok ဘဏ်၊ Kasikornbank ဘဏ်၊ Krungthai ဘဏ်နဲ့ TMB Thanachart ဘဏ်တို့ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံက ဘဏ်တွေအနေနဲ့ တခြားဘဏ္ဍာရေးဆိုင်ရာ အဓိကကျတဲ့ နိုင်ငံတွေနည်းတူ လိုက်နာဆောင်ရွက်သင့်တဲ့ စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်နေပြီး ကုလအထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာ ဖော်ပြချက်တွေကို ထိုင်းအစိုးရက စိစစ်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနရဲ့ ပြောကြားချက်ကို Bangkokpost သတင်းမှာ ကိုးကားဖော်ပြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကလည်း နိုင်ငံခြားနဲ့ ပြည်တွင်းဘဏ်တချို့ကို အရေးယူပေးဖို့ ကုလအထူးစုံစမ်းရေးမှူးရဲ့ တောင်းဆိုချက်ဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုအပေါ် သိသိသာသာ သက်ရောက်ထိခိုက်နိုင်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သာမန်ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ မထိခိုက်အောင် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ MAS ကလည်း မြန်မာနိုင်ငံ လက်နက်အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေမှာ စင်္ကာပူဘဏ်တွေ ပါဝင်နေတယ်ဆိုတဲ့ အစီရင်ခံစာ ဖော်ပြချက်တွေဟာ မမှန်ကန်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဇွန်လ ၂၈ ရက်နေ့က တုံ့ပြန်ထားပါတယ်။

Forum

XS
SM
MD
LG