သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်တောင်ပိုင်း ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေ


ထိုင်တောင်ပိုင်း ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေ
ထိုင်တောင်ပိုင်း ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖောက်ခွဲဗုံးရှင်းလင်းရေး ရဲသား ၂ ယောက်ဟာ မသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်း တခုကို စနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ အဝေးလက်ကိုင်ဖုန်းကနေ ထိန်းချုပ်ဖောက်ခွဲမှုကြောင့် သေဆုံးသွားပါတယ်။ အကြမ်းဖက်မှုတွေရှိနေတဲ့ နိုင်ငံတောင်ပိုင်း နာရာသီဝတ်ခရိုင်က ဈေးတခုမှာ စနေနေ့က ပေါက်ကွဲမှုကြောင့် နောက်ထပ်ရဲအရာရှိ ၄ ယောက်အပါအဝင် ၈ ယောက် ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ဆယ်ကျော်သက် လူငယ် ၂ ယောက် သံသယဖြစ်စရာ မော်တော်ဆိုင်ကယ်တစင်း ရပ်ထားခဲ့တဲ့အကြောင်း ဟင်းသီးဟင်းရွက်ရောင်းသူက သက်ဆိုင်ရာကို အကြောင်းကြားတာလို့ ရဲကပြောပြပါတယ်။ အဲဒီနေရာတဝိုက်ကို ရဲက ရှင်းလင်းခဲ့ပေမဲ့ ဆိုင်ကယ်ထဲမှာ ဖွက်ထားတဲ့ ဗုံးကိုစနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ခုလို နှစ်သစ်ကူးနေ့မှာဖြစ်တဲ့ ပေါက်ကွဲမှုဟာ ထိုင်းအာဏာပိုင်တွေအပေါ် တနှစ်ပတ်လုံး ဆန့်ကျင်ပြုလုပ်မယ့် စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်တဲ့အကြောင်း အစ္စလာမ်သောင်းကျန်းသူတွေက ခြိမ်းခြောက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မူစလင် အများစုနေထိုင်ကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကစပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက မူစလင်ရော ဗုဒ္ဒဘာသာဝင်ပါ စုစုပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG