စနေနေ့ ဘန်ကောက်မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး မစခင် ထိုင်းအစိုးရက အရေးပေါ် အမိန့်အာဏာကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်တဲ့ ဒီလူထုချီတက်ပွဲမှာ လူဦးရေ ၇ သောင်းလောက် ရှိတယ်လို့ ရဲဘက်က ခန့်မှန်းထားပါတယ်။ ထိုင်းအစိုးရကတော့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်တာလို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ပေးပို့ထားတဲ့ သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် အစိုးရ ဆန့်ကျင်ရေး ချီတက်မှုတွေကို တားမြစ်တဲ့ ISA ခေါ် နိုင်ငံတွင်း လုံခြုံရေး အက်ဥပဒေကို ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က ကြာသပတေးနေ့ နှောင်းပိုင်းမှာ နိုင်ငံတဝန်းကို ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။
"အစိုးရ အနေနဲ့ ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ဖို့ အဆင့်သင့်ရှိနေပါတယ်။ အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ ဥပဒေတွေ ၊ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေ ကို ကျော်လွန်ပြီး ဖြစ်လာနိုင်တာကို အစိုးရ အာဏာပိုင်တွေမှာ အထောက်အထားတွေ ရှိနေပါတယ်လို့ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က ပြောပါတယ်။ အစိုးရ အနေနဲ့ ဥပဒေနဲ့ အမိန့်အာဏာကို မယွင်းရအောင် ထိန်းချုပ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခြေအနေတိုင်းကို ကြိုတင် ကာကွယ်မှုကိုလည်း တိုးမြှင့် လုပ်ဆောင်သွားမယ်" လို့လည်း သူမက ထပ်လောင်းပြောဆိုလိုက်ပါတယ်။
၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အင်တာနက် လုံခြုံရေး ဥပဒေဟာ ဆိုရင်လည်း အစိုးရအနေနဲ့ သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်ကို ချမှတ်နိုင်သလို၊ အီလက်ထရောနစ် မီဒီယာနဲ့ ဆက်သွယ်ရေး တို့ကို ဆင်ဆာတည်းဖြတ်နိုင်ခွင့် အာဏာ ၊ လူထု လှုပ်ရှားမှုတွေကို တားဆီးခွင့်၊ ဖမ်းဆီးခွင့် အမိန့်အာဏာလည်း ရရှိထားတာ ဖြစ်ပါတယ်။
အစိုးရက လူထုချီတက်ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ခရိုင်အတွင်းက ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိတွေ အပါအဝင် ထောင်ပေါင်းများစွာသော ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိ တွေကို အင်အား စုဆောင်းထားပါတယ်။ Pitak Siam လို့ သိကြတဲ့ ဆန္ဒပြအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အစိုးရရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို စွပ်စွဲ ပြောဆိုထားပြီး အစိုးရက စိုးရိမ်နေသလို လူထု ချီတက်မှုတွေက အကြမ်းဖက်မှုတွေ ဖြစ်လာအောင် ဆွပေးလိမ့်မယ်ဆိုတာကို ငြင်းပါတယ်။
Pitak Siam အဖွဲ့ရဲ့ ဒုတိယအကြိမ် လူထု ချီတက်ပွဲကို ဦးဆောင်တဲ့ အငြိမ်းစား စစ်တပ် ဗိုလ်ချုပ်ကြီး ကတော့ ဒီချီတက်ပွဲမှာ လူ ၁ သိန်း ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဗိုလ်ချုပ် Boonlert Kaewprasit ကလည်း စစ်တပ်က အာဏာသိမ်းစေချင်တယ်ဆိုတဲ့ မူလက သတင်းတွေမှာ သူ မှတ်ချက်ပေး ပြောဆိုထားတာကို ငြင်းပါတယ်။
နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ပြောခွင့်ရ Sunai Pasuk ကတော့ ဝန်ကြီးချုပ် ယင်းလတ် ထည့်သွင်းပြောဆိုသွားတဲ့ ဒီမိုကရေစီစနစ်ကို Pitak Siam က ဆန့်ကျင်သလို ဖြစ်နေတယ်ဆိုပြီး သူက ပြောပါတယ်။
Pitak Siam ဟာ ဒီမိုကရေစီ စနစ်ကို တင်မြှောက်မှုကို ဆန့်ကျင်တဲ့ မူရှိနေပါတယ်။ ဒီ လှုပ်ရှားမှုက ရွေးကောက်ခံ နိုင်ငံရေး သမားတွေ လွှတ်တော်ထဲမှာ လူထု ကိုယ်စားပြုနေတာကို ဆန့်ကျင်နေတယ်ဆိုတာ သိပ်ရှင်းပါတယ်။ အစိုးရဘက်ကလည်း ဒီကိစ္စကို အသုံးချပြီး ဝန်ကြီးချုပ် ယင်းလတ်က ရှင်းရှင်းလင်းလင်း ပြောသွားတဲ့ အထဲမှာဆိုရင် Pitak Siam ဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူ လူထု ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိလာတယ်လို့ ထည့်ပြောသွားပါတယ်။
အခု လူထု ချီတက်ပွဲဟာ ၂၀၁၀ ကတည်းကဆိုရင် အကြီးဆုံး လူထု ချီတက်ဆန္ဒပြမှု ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ လက်ရှိ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင် နေရသူ မစ္စတာ သက်ဆင်ရှင်နာဝပ် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ သူ့ကို ထောက်ခံသူတွေ အဘီဆစ် အစိုးရကို နုတ်ထွက်ပေးရေး ချီတက် တောင်းဆိုမှု နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။
မစ္စတာ အဘီဆစ်က ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့ ကမ်းလှမ်းခဲ့တာကို သက်ဆင် ထောက်ခံသူတွေက ပယ်ချလိုက်ပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်တုန်းက သတင်း ၆ ပတ် ကြာမြင့်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေ ဘက်ကရော လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်ကပါ စုစုပေါင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။
မစ္စတာ သက်ဆင်ကတော့ ထိုင်းနိုင်ငံရေး ပေါ်မှာ သြဇာညောင်းဆဲ ဖြစ်ပြီး ညီမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ကို နောက်ကွယ်က ကြိုးကိုင်သူနေသူလည်း ဖြစ်ပါတယ်။
မစ္စ ယင်းလတ်ဟာ အထူးသဖြင့် ကျေးလက်နဲ့ မြို့ပြ ဒေသက အလုပ်သမား အလွှာက ထောက်ခံမဲ အများစုနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရပေမယ့်လည်း ထိုင်းနိုင်ငံရေး ရာသီဥတုက သိပ်တော့ မကြည်လင်လှသေးဘဲ အခက်အခဲတွေ ရှိနေဆဲဘဲ ဖြစ်တယ်လို့ Sunai က ပြောပါတယ်။
အတိတ်ကာလတုန်းက နိုင်ငံရေး ပဋိပက္ခတွေကို အပြစ်မပေးဘဲ ခွင့်ပြုထားတာတွေကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ မတည်ငြိမ်မှုတွေ အတော်များများ ကျန်ရှိနေစေတာ ဖြစ်ပါတယ်။ ဘယ်ဘက်ကဘဲ ဖြစ်ဖြစ် နိုင်ငံရေး ပဋိပက္ခ ကျူးလွန်သူတွေကို တရားစွဲဆိုမှုဆိုတာ မရှိပါဘူး။ ဒါက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကြား ခွဲေ၀ ကျင့်သုံးနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း ဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လက်ရှိ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် အစိုးရရဲက လုပ်ဆောင်ချက်တွေပေါ်မှာ အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ ဆွေးနွေးငြင်းခုံမှုကနေ ဒီ ချီတက်လှုပ်ရှားမှုကလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒီလို ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တင်းမာမှုတွေဟာ အခွင့်ထူးခံတွေ၊ အစိုးရအရာရှိတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အကြား ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အစိုးရလက်ထက်က နိုင်ငံရေး အရ ပိုပြီး သြဇာကြီးလာတဲ့ အရင်းရှင် လူတန်းစားသစ်ကို ဆန့်ကျင်မှုဟာ မပြီးဆုံးသေးဘဲ ဆက်ပြီး ဖြစ်ပွားနေတာသာ ဖြစ်တယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်ရှင်။