သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ ထိုင်းနိုင်ငံက ဖိအားပေးရန် အမေရိကန်တိုက်တွန်း


ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်အကြီးတန်း သံတမန်တဦးက ထိုင်းအစိုးရအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တတိယရာထူး အကြီးဆုံးဖြစ်တဲ့ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William Burns ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတုန်း ထိုင်းနိုင်ငံက အနီးကပ်အိမ်နီးချင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ဖိအားပေးပါရန် တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် ထိုင်းအစိုးရရဲ့အရေးပေါ် အခြေအနေ ကြေညာချက်ကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေဦးကာလက အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ၂ ဘက် မပြေမလည် ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ပြုခြင်းဟာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်လို့ Mr. Burns က သောကြာ နေ့က ပြောဆိုလိုက်ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ဒီမိုကရေစီ စံနစ်အတွက် ကသိကအောက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ အရေးပေါ် အခြေအနေ အမိန့်အရ တရားစွဲဆိုဖို့မလိုဘဲ မသင်္ကာတဲ့လူတွေကို ဖမ်းဆီးနိုင်ခွင့်ရှိပြီး သတင်းတွေကိုလည်း ဆင်ဆာ လုပ်ခွင့် ရှိပါတယ်။ ဘန်ကောက်မြို့နဲ့ နယ်ခရိုင် ၁၈ ခုမှာ အရေးပေါ် အခြေအနေ ၃ လ ထပ်တိုး လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG